ရုရှားစစ်တပ် တိုက်ခိုက်ခဲ့သည့် ဒွန်းနက်စ်ဒေသ ပျက်စီးမှုများ ယူကရိန်းစစ်တပ် ပြသ

ယူကရိန်းအရှေ့ဘက် ဒွန်းနက်စ်ဒေသရှိ မာရင်ကာမြို့ကို ရုရှားတို့ တိုက်ခိုက်ပြီးနောက် လူနေအိမ် အများအပြား ပျက်စီးနေတာကို ယူကရိန်းစစ်တပ်က ကားနဲ့ဖြတ်သွားရင်း ရိုက်ပြထားပါတယ်။
ယူကရိန်း စစ်သားတဦးက “ရန်သူတွေဟာ မြို့မှာ အရပ်သား အတော်များများ ရှိနေတာကို သိရက်နဲ့ လက်နက်မျိုးစုံသုံးပြီး ပစ်ခတ်တယ်။ ယူကရိန်းစစ်တပ်ကို သူတို့ လွယ်လွယ်ကူကူ မနိုင်နိုင်တော့ လူနေအိမ်တွေ လိုက်ဖျက်ဆီးနေတယ်။ ကျနော်တို့က လူစိတ်ရှိသူတွေ၊ ယဉ်ကျေးတဲ့ ဥရောပသားတွေ၊ ရုရှားနဲ့မတူဘူး” လို့ ပြောပါတယ်။
မာရင်ကာမြို့ရဲ့ အစိတ်အပိုင်းအချို့ကို ၂၀၁၄ ခုနှစ်ကတည်းက ရုရှား ကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။