close

ဓာတုပစ္စည်းတင်သင်္ဘော

close

October 24, 2021

ကနေဒါ ကမ်းလွန်တွင် ဓာတုပစ္စည်းတင်သင်္ဘော မီးလောင်

ကနေဒါနိုင်ငံ ဗြိတိသျှ-လံဘီယာ ပြည်နယ်ရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ သတ္တုတွင်းတူးဖော်ရေး လုပ်ငန်းသုံး ဓာတုပစ္စည်းတွေကို တင်ဆောင်လာတဲ့ ကုန်သင်္ဘော တစီး အောက်တိုဘာ ၂၃ ရက်မှာ မီးလောင်ခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်အပါအဝင် အခြေအနေတွေကို အကဲဖြတ်ဖို့ ကနေဒါ ကမ်းရိုးတန်းစောင့်တပ်ဟာ အမေရိကန် ကမ်းရိုးတန်းစောင့်တပ်နဲ့အတူ လုပ်ကိုင်နေတယ်လို့ ကနေဒါကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။

MV Zim Kingston သင်္ဘောပေါ်က သင်္ဘောသား ၁၀ ယောက်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ပြီး ကျန်ငါးယောက်ကတော့ မီးငြှိမ်းသတ်ဖို့ သင်္ဘောပေါ်မှာ ကျန်နေခဲ့တယ်လို့ ကနေဒါ ကမ်းရိုးတန်းစောင့်တပ်က စနေနှောင်းပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လောလောဆယ် ကုန်သေတ္တာ ၁၀ လုံး မီးလောင်နေပြီး မီးက ဆက်ကူးနေဆဲဖြစ်ပေမဲ့ သင်္ဘောကိုတော့ မီးမလောင်သေးဘူးလို့ ကနေဒါ ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။

သင်္ဘောပေါ်ကနေ ပြုတ်ကျခဲ့တဲ့ ကုန်သေတ္တာ အလုံး ၄၀ ကို ခြေရာခံဖို့ အမေရိကန်နဲ့ လက်တွဲ လုပ်ဆောင်နေတယ် ဒီကုန်သေတ္တာတွေဟာ ပင်လယ်သတ္တဝါတွေအပေါ် သိသိသာသာ ဘေးသင့်စေနိုင်တယ်လို့ ပြောပါတယ်။

သင်္ဘောဟာ ဟွမ်ဒေဖူကာ ရေလက်ကြားရဲ့အနောက်ပိုင်းမှာ ပြင်းထန်တဲ့ ရာသီဥတုကို ကြုံခဲ့ရတယ်လို့ အောက်တိုဘာ ၂၂ ရက်က ကြေညာထားပါတယ်။ 

13 mins Ago

June 3, 2021

သီရိလင်္ကာကမ်းလွန်ပင်လယ်ပြင်၌ ဓာတုပစ္စည်းတင်သင်္ဘော နစ်မြုပ်

သီရိလင်္ကာနိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းဒေသ ကမ်းလွန်ပင်လယ်ပြင်မှာ ဓာတုပစ္စည်းတွေ တန်ချီပြီး တင်လာတဲ့ ကုန်သင်္ဘောတစီး နစ်မြုပ်ခဲ့တယ်လို့ အစိုးရနဲ့ ရေတပ်က ဇွန် ၂ ရက်မှာ ပြောပါတယ်၊

ဒါဟာ သီရိလင်္ကာနိုင်ငံအတွက် အဆိုးဆုံး ပင်လယ်ပြင်ဆိုင်ရာ ကပ်ဘေးတွေထဲက တစ်ခုလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 

သင်္ဘောရဲ့ နောက်ပိုင်းစွန်းက ပင်လယ်ကြမ်းပြင်ကို ထိခဲ့လို့ သင်္ဘောကို ရေနက်ပိုင်းထဲအထိ ဆွဲသွားဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ရပ်ထားခဲ့ရတယ်လို့ ရေတပ် ပြောခွင့်ရက ပြောပါတယ်။

စင်ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ MV X-Press Pearl ကုန်သင်္ဘောဟာ နိုက်ထရစ် အက်စစ် ၂၅တန် တခြားဓာတုပစ္စည်းတွေ အလှကုန်တွေ အပါအဝင် ကုန်သေတ္တာ ၁၄၈၆ ခု သယ်လာခဲ့ တာပါ။

သီဟိုဠ်ကျွန်းရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ ကျောက်ဆူးနုတ်နေတုန်း မေ ၂၀ ရက်မှာ မီးလောင်ခဲ့ ပါတယ်။

အာဏာပိုင်တွေက မီးငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဓာတုပစ္စည်းတွေပါတဲ့ မီးလောင်နေတဲ့ ကုန်သေတ္တာတွေ သင်္ဘောကုန်းပတ်ပေါ်ကနေ ပြုတ်ကျခဲ့တယ်လို့ ရေတပ်က အရင်လက ပြောခဲ့ပါတယ်။ 

တန်ချီတဲ့ ပလတ်စတစ်ကျည်စေ့တွေဟာ ခုတော့ သီရိလင်္ကာ ကမ်းရိုးတန်းတလျှောက် ငါးသယံဇာတ ကြွယ်ဝတဲ့ ဒေသအတွင်း မျောပါနေတာပါ။ 

ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြပ်အတည်းတွေ ထဲက တစ်ခုကို ဖန်တီးခဲ့သလိုပဲလို့ ပညာရှင်တွေက ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် ကမ်းခြေကို သန့်ရှင်းရေးလုပ်ဖို့ စစ်သည် ရာချီ တပ်ချထားခဲ့သလို ကီလိုမီတာ ၈၀ ရှည်တဲ့ ကမ်းရိုးတန်းတလျှောက် ငါးဖမ်းခွင့်ကို တားမြစ်ပိတ်ပင်ခဲ့လို့ ငါးဖမ်းလှေ အစီးရေ ၅၆၀၀ လောက် ထိခိုက်ခဲ့ပါတယ်။

5 months Ago
Up