close

ဓာတုပစ္စည်း

close

April 21, 2023

ဝိုင်းမော်တွင် တစ်သျှူးငှက်ပျောခြံများက ဓာတုပစ္စည်းများ စည်းကမ်းမဲ့စွန့်ပစ်နေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာရှိတဲ့ တစ်သျှူးငှက်ပျောခြံတွေက စွန့်ပစ်ပစ္စည်းတွေကို စည်းကမ်းမဲ့ စွန့်ပစ်နေတယ်လို့ သိရပါတယ်။

ဝါးရှောင်ကျေးရွာနဲ့ ဂေါ်ဆက်ယန်အနီးမှာ စိုက်ပျိုးထားတဲ့ တစ်သျှူးငှက်ပျောခြံတွေက  စိုက်ပျိုးရေးသုံး ဓာတုဗေဒဆေးဘူးခွံတွေ၊ ပလတ်စတစ်အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်နေတဲ့အတွက် အနံ့အသက်ဆိုးရွားပြီး သီးနှံပင်တွေ စိုက်ပျိုးမရတော့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “ကျနော်တို့အနေနဲ့ကတော့ တစ်သျှူးငှက်ပျောစိုက်ခင်းမှာသုံးတဲ့ ဓာတုဗေဒဆေးတွေ၊ ပလတ်စတစ်အိတ်ခွံတွေ စနစ်တကျ စွန့်ပစ်ပေးစေချင်တယ်။ အခုက လမ်းဘေးတွေမှာကို ပစ်ထားတာ။ ဖော့အိတ်တွေ၊ ဓာတုဗေဒဆေးတွေ ကြုံသလိုပစ်နေတော့ အနံ့အသက်လည်း ဆိုးရွားတယ်။ တခြားသီးနှံပင်တွေလည်း စိုက်ပျိုးလို့မရတော့ဘူး” လို့ ပြောပါတယ်။

တစ်သျှူးငှက်ပျောခိုင်တွေကို အရောင်လှပစေဖို့ စွတ်ရတဲ့ ဖော့အိတ်တွေနဲ့ စိုက်ခင်းမှာ အသုံးပြုရတဲ့ စိုက်ပျိုးရေးသုံး ဓာတုဗေဒဆေးဝါးပစ္စည်း ဘူးခွံတွေကို စည်းကမ်းမဲ့ စွန့်ပစ်ထားတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေရှိကြောင်း သိရပါတယ်။

သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတဦးက“တစ်သျှူးငှက်ပျောခိုင် အရောင်လှဖို့ စွတ်ရတဲ့ ဖော့အိတ်တွေကိုလည်း စနစ်တကျစွန့်ပစ်တာ မရှိဘူး။ စိုက်ခင်းမှာသုံးတဲ့ ဓာတုဗေဒဆေးဝါးဘူးခွံတွေကိုလည်း ကြုံသလိုပစ်တယ်။ ဘယ်အဖွဲ့အစည်းကမှလည်း အရေးယူတာမရှိဘူး။ အရေးယူမှုမရှိတဲ့အတွက် ကြုံသလို စွန့်ပစ်နေတယ်။ သီးနှံစားပင်တွေလည်း အဲ့ပတ်ဝန်းကျင်မှာ စိုက်ပျိုးလို့မရတော့ဘူး” လို့ ပြောပါတယ်။

တစ်သျှူးငှက်ပျောခိုင် ဖော့အိတ်တွေကို ကျွဲနွားတွေ စားသုံးမိတဲ့အတွက် ဝမ်းဗိုက်ဖောင်း သေဆုံးတာ၊ စိုက်ပျိုးရေးသုံး ဓာတုဗေဒဆေးဝါးတွေ ချောင်းအတွင်းကျရောက်ပြီး ငါးတွေသေဆုံးတာ၊ စိုက်ပျိုးသီးနှံတွေ စိုက်ပျိုးမှု မဖြစ်ထွန်းတာ စတဲ့အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

11 mins Ago

April 20, 2022

ပီရူးနိုင်ငံ စစ်ဆင်ရေးများအတွင်း မူးယစ်ဆေး ၅ တန်ကျော် သိမ်းဆည်းမိ

ပီရူးနိုင်ငံတလွှား စစ်ဆင်ရေးတွေအတွင်း မတ် ၂၅ ရက်ကနေ အခုထိ မူးယစ်ဆေး ၅ တန်ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ပီရူးအမျိုးသား ရဲတပ်ဖွဲ့က ဧပြီ ၁၉ ရက်မှာ ကြေညာပါတယ်။ လက်နက်တွေနဲ့ မူးယစ်ဆေးလုပ်ရာမှာ သုံးတဲ့ ဓာတုပစ္စည်းတွေကိုပါ တွေ့ရှိ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

“ဒီမူးယစ်ဆေးတွေဟာ ထုတ်လုပ်တဲ့နေရာမှာတင် ခန့်မှန်းချေတန်ကြေး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်းဖိုး ရှိတယ်၊ ဥရောပလို စားသုံးသူဈေးကွက်ထဲ ရောက်သွားရင်တော့ ခန့်မှန်းချေတန်ကြေး အမေရိကန်ဒေါ်လာ သန်း ၁၄၀ လောက် ရှိလိမ့်မယ်” လို့ အမျိုးသားရဲတပ်ဖွဲ့ မူးယစ်တိုက်ဖျက်ရေးဌာန ညွှန်မှူး ဒန်နီ ရိုဒရီဂက်ဇ်က ပြောပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ပီရူးရဲတွေဟာ စစ်ဆင်ရေး ၄,၄၂၁ ခုအတွင်း လူ ၉၅၉ ယောက်ကို ဖမ်းခဲ့ပြီး ရာဇဝတ်ဂိုဏ်း ၂၅ ဂိုဏ်းကို ဖြိုခွဲခဲ့သလို မူးယစ်ဆေး ၁၆ ဒသမ ၉ တန်ကို သိမ်းဆည်းရမိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

1 year Ago
Up