close

ဓာတုလက်နက်

close

April 13, 2022

ရုရှားက ဓာတုလက်နက်သုံးခဲ့လျှင် တုံ့ပြန်ရန်အသင့်ရှိဟု ဗြိတိန်ဝန်ကြီးပြော

ယူကရိန်းနိုင်ငံထဲမှာ ရုရှားက ဘယ်လိုဓာတုလက်နက် သုံးစွဲမှုအတွက်မဆို တုံ့ပြန်ဖို့ နည်းလမ်းအားလုံး စားပွဲပေါ်မှာ အဆင်သင့်ရှိနေပြီလို့ ဗြိတိန် လက်ထောက်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်ဟေးပီးက ဧပြီ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။

ယူကရိန်းမှာ ရုရှားက ဓာတုလက်နက် သုံးမသုံးဆိုတဲ့ အစီရင်ခံစာတွေကို ဗြိတိန် ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးတွေက အတည်မပြုနိုင်သေးပေမယ့် အခြေအနေကို နားလည်ဖို့ အရေးပေါ် ဆောင်ရွက်နေတယ်လို့ သူက ဘီဘီစီ သတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောခဲ့တာပါ။

“တကယ်လို့ ဓာတုလက်နက်တွေကို သုံးခဲ့တယ်ဆိုရင်တော့ ကျနော်တို့ ဝန်ကြီးချုပ်နဲ့ ကမ္ဘာတလွှားက အစိုးရအကြီးအကဲတွေက ဘယ်လိုတုံ့ပြန်မလဲဆိုတာ ဆုံးဖြတ်ဖို့ အင်မတန် အရေးကြီးတဲ့အချိန် ဖြစ်လာမယ်” လို့ ဂျိမ်းစ်ဟေးပီးက ပြောပါတယ်။

သီတင်းပတ် ၇ ပတ် ကြာအောင် ရုရှားစစ်တပ်ရဲ့ အဝိုင်းခံခဲ့ရတဲ့ မာရိုင်ပူမြို့မှာ လူထောင်ချီ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုအတွင်း ရုရှားတပ်တွေက ဓာတုလက်နက်တွေ သုံးခဲ့နိုင်တယ်ဆိုတဲ့ အစီရင်ခံစာတွေ အသေးစိတ်ကို အတည်ပြုဖို့ ဗြိတိန်က မိတ်ဘက်တွေနဲ့အတူ ဆောင်ရွက်နေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရပ်စ်က ဧပြီ ၁၁ ရက်မှာ ပြောထားပါတယ်။

ရုရှားက ဓာတုလက်နက်တွေ သုံးကောင်း သုံးနိုင်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇလန်းစကီးက ဧပြီ ၁၁ ရက်မှာ ပြောခဲ့တာပါ။

ဒီလိုလက်နက်တွေ သုံးတာနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ကိုတောင် ဟန့်တားမယ့် ရုရှားအစိုးရကို အားကောင်းကောင်း ဒဏ်ခတ်ဖို့ အနောက်နိုင်ငံတွေကို ဇလန်းစကီးက ဆော်ဩခဲ့ပါတယ်။

7 mins Ago

March 25, 2022

ရုရှားက ဓာတုလက်နက်သုံးလျှင် အမေရိကန် တုံ့ပြန်မည်ဟု သမ္မတဘိုင်ဒင် ကြေညာ

ရုရှားက ယူကရိန်းကို ဓာတုလက်နက်အသုံးပြုတိုက်ခိုက်လာရင် အမေရိကန်ပြည်ထောင်စုက တုံ့ပြန်သွားမယ်လို့ သမ္မတဂျိုးဘိုင်ဒင်က အတည်ပြုပြောလိုက်ပါတယ်။

ဘရပ်ဆဲလ်မြို့ နေတိုးအဖွဲ့ ခေါင်းဆောင်တွေနဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တာပါ။ 

အမေရိကန်သမ္မတဘိုင်ဒင်က “ပူတင်က ဓာတုလက်နက်အသုံးပြုရင် ကျနော်တို့ တုံ့ပြန်သွားမယ်။ သူအသုံးပြုမှု အခြေအနေပေါ်မူတည်ပြီး ကျနော်တို့ တုံ့ပြန်သွားမှာပါ” လို့ ပြောပါတယ်။

ဥရောပကောင်စီအစည်းအဝေးမစတင်ခင်မှာလည်း ဘိုင်ဒင်က “ပူတင်ဟာ အမေရိကန်နဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီ မဟာမိတ်နိုင်ငံ ၃၀ ပါဝင်တဲ့ နေတိုးအဖွဲ့ကို ဖြိုခွဲဖို့လုပ်နေတယ်။ ဒါကို ကျနော် ဒုတိယသမ္မတာဝန်ယူကတည်းက ပြောလာတာပါ။ အခုလည်း အဲဒီအတိုင်း သူ လုပ်နေတယ်၊ ကျနော် အရိုးသားဆုံး ပြောတာပါ” လို့ သတင်းသမားတွေကို ပြောပါတယ်။

3 weeks Ago
Up