close

ဓာတ်ငွေ့စက်ရုံ

close

January 25, 2023

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီတွင် ဓာတ်ငွေ့စက်ရုံ မီးလောင်ပေါက်ကွဲ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ပထုန်ဌာနီခရိုင်၊ ခလောင်းလုံမြို့ထဲမှာ ဇန်နဝါရီ ၂၅ ရက် ဒီကနေ့ နေ့ခင်းပိုင်းက ဓာတ်ငွေ့ထုတ်စက်ရုံတရုံ မီးလောင် ပေါက်ကွဲခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ခလောင်းလုံမြို့ရှောင်လမ်း၊ ဝပ်ပန်ကျဘုန်းကြီးကျောင်း မျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့  Lab Gas (Thailand) ကုမ္ပဏီပိုင်စက်ရုံမှာ   မွန်းလွဲ  ၁ နာရီလောက်က စတင်လောင်ကျွမ်းတာလို့  မျက်မြင်တွေက ပြောပါတယ်။ မီးလောင်မှုနဲ့အတူ ပေါက်ကွဲသံတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့လည်း ဆိုပါတယ်။

မီးလောင်ရာကို မီးသတ်ကားတွေ လာရောက်ငြှိမ်းသတ်ခဲ့ပြီး အခြေအနေထိန်းချုပ်နိုင်ပေမဲ့ အနီးအနားမှာ ဓာတ်ငွေ့ယိုစိမ့်မှုရှိနိုင်ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ရှေးဦးသူနာပြုစုနိုင်ဖို့ အရေးပေါ်ကျန်းမာရေးစင်တာ ယာယီဖွင့်ထားပါတယ်။

လတ်တလော မီးလောင်ရတဲ့ အကြောင်းရင်း၊ ထိခိုက်ဒဏ်ရာရသူနဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏတွေတော့ မသိရသေးပါဘူး။ 

ကိုးကား - pptvhd36

7 mins Ago

March 16, 2020

နိုင်ဂျီရီးယားတွင် ဓာတ်ငွေ့စက်ရုံပေါက်ကွဲ၍ ၁၅ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံရဲ့ စီးပွားရေးမြို့တော် လာဂို့စ်မြို့ ဆင်ခြေဖုံးမှာ ဓာတ်ငွေ့သန့်စင်ရေး စက်ရုံတရုံ မတ်လ ၁၅ ရက်မှာ ပေါက်ကွဲခဲ့လို့ လူ ၁၅ ဦးထက် မနည်း သေဆုံးပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် အဆောက်အအုံ ၅၀ လောက် ပျက်စီးခဲ့တယ်လို့ အရေးပေါ် ဌာနက ပြောပါတယ်။ ကုန်ကားက ကော်ပိုရေးရှင်းရဲ့ ပိုက်လိုင်းအနားမှာရှိတဲ့ ဓာတ်ငွေ့သန့်စင်ရေးစက်ရုံထဲက ဓာတ်ငွေ့လှောင်ကန်တချို့ကို ဝင်တိုက်မိပြီး ပေါက်ကွဲခဲ့တာလို့ နိုင်ဂျီးရီးယား အမျိုးသားရေနံ ကော်ပိုရေးရှင်း (NNPC) က ပြောပါတယ်။ ဒဏ်ရာရသူ တော်တော်များများကို ဆေးရုံတင်ပို့ ကုသပေးခဲ့ရတယ်လို့ အမျိုးသားအရေး ပေါ် စီမံရေးအေဂျင်စီရဲ့ ဇုန်အလိုက် ညှိုနှိုင်းရေးမှူးက ပြောပါတယ်။  ပေါက်ကွဲတဲ့ အရှိန်ကြောင့် အနားက အိမ်တွေ ပြိုကျခဲ့တဲ့အပြင် ပိုက်လိုင်းလည်း ပျက်စီးခဲ့တာကြောင့် လုပ်ငန်းတွေလည်း ရပ်နားခဲ့ရတယ်လို့ အစိုးရပိုင်ရေနံကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ပါတယ်။  ရေနံထွက်ကုန် ပိုက်လိုင်း ယာယီပိတ်ချ ခဲ့ရပေမယ့် လာဂို့စ်နဲ့ ပတ်ဝန်းကျင် မြို့တွေကို ပုံမှန်ဖြန့်ဖြူးမှု ထိခိုက်မှာ မဟုတ်ဘူးလို့ NNPC က ပြောပါတယ်။  အာဖရိကရဲ့ အကြီးဆုံး ရေနံစိမ်းထုတ်လုပ်သူ နိုင်ဂျီးရီးယားနိုင်ငံမှာ ပိုက်လိုင်းတွေ မီးလောင်တာက ဖြစ်နေကျပါ။  မီးလောင်းရတဲ့ အကြောင်းရင်းအများစုက သူခိုးတွေနဲ့ လုပ်ကြံသူတွေကြောင့် ဖြစ်ပြီး ရေနံခိုးတဲ့ နည်းလမ်းတွေကြောင့် မတော်တဆဖြစ်ရာက မီးလောင်လေ့ ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
3 years Ago
Up