ထိုင်းနိုင်ငံ၊ ပထုန်ဌာနီတွင် ဓာတ်ငွေ့စက်ရုံ မီးလောင်ပေါက်ကွဲ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ပထုန်ဌာနီခရိုင်၊ ခလောင်းလုံမြို့ထဲမှာ ဇန်နဝါရီ ၂၅ ရက် ဒီကနေ့ နေ့ခင်းပိုင်းက ဓာတ်ငွေ့ထုတ်စက်ရုံတရုံ မီးလောင် ပေါက်ကွဲခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ခလောင်းလုံမြို့ရှောင်လမ်း၊ ဝပ်ပန်ကျဘုန်းကြီးကျောင်း မျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့ Lab Gas (Thailand) ကုမ္ပဏီပိုင်စက်ရုံမှာ မွန်းလွဲ ၁ နာရီလောက်က စတင်လောင်ကျွမ်းတာလို့ မျက်မြင်တွေက ပြောပါတယ်။ မီးလောင်မှုနဲ့အတူ ပေါက်ကွဲသံတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့လည်း ဆိုပါတယ်။
မီးလောင်ရာကို မီးသတ်ကားတွေ လာရောက်ငြှိမ်းသတ်ခဲ့ပြီး အခြေအနေထိန်းချုပ်နိုင်ပေမဲ့ အနီးအနားမှာ ဓာတ်ငွေ့ယိုစိမ့်မှုရှိနိုင်ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ရှေးဦးသူနာပြုစုနိုင်ဖို့ အရေးပေါ်ကျန်းမာရေးစင်တာ ယာယီဖွင့်ထားပါတယ်။
လတ်တလော မီးလောင်ရတဲ့ အကြောင်းရင်း၊ ထိခိုက်ဒဏ်ရာရသူနဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏတွေတော့ မသိရသေးပါဘူး။
ကိုးကား - pptvhd36