close

ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှု

close

June 13, 2021

တရုတ်နိုင်ငံအလယ်ပိုင်းတွင် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲ ၁၂ ဦးသေ၊ ၁၄၀ နီးပါးဒဏ်ရာရ

တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်၊ ရှီးယန်မြို့က လူနေရပ်ကွက်ထဲမှာ ဇွန်လ ၁၃ ရက်က  ဓာတ်ငွေ့ ပိုက်လိုင်းပေါက်ကွဲလို့  အနည်းဆုံး  ၁၂ ယောက် သေဆုံးပြီး တခြားလူ ၁၃၈  ယောက် ဒဏ်ရာရကာ ၃၇ ယောက်က စိုးရိမ်ရတယ်လို့  တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။

ဒီမနက် ၆ နာရီခွဲလောက်က နှစ်ထပ်တိုက်အဆောက်အဦမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့်  ဒေသခံ အယောက် ၁၅၀ လောက်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့လည်း တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေဆဲဖြစ်ပြီး ပေါက်ကွဲရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်း စစ်ဆေးနေဆဲလို့ တရုတ်အစိုးရမီဒီယာက ကြေညာပါတယ်။ 

12 hours Ago
Up