တရုတ်နိုင်ငံအလယ်ပိုင်းတွင် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲ ၁၂ ဦးသေ၊ ၁၄၀ နီးပါးဒဏ်ရာရ

7.3K
တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်၊ ရှီးယန်မြို့က လူနေရပ်ကွက်ထဲမှာ ဇွန်လ ၁၃ ရက်က ဓာတ်ငွေ့ ပိုက်လိုင်းပေါက်ကွဲလို့ အနည်းဆုံး ၁၂ ယောက် သေဆုံးပြီး တခြားလူ ၁၃၈ ယောက် ဒဏ်ရာရကာ ၃၇ ယောက်က စိုးရိမ်ရတယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။
ဒီမနက် ၆ နာရီခွဲလောက်က နှစ်ထပ်တိုက်အဆောက်အဦမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် ဒေသခံ အယောက် ၁၅၀ လောက်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့လည်း တရုတ် အာဏာပိုင်တွေက ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေဆဲဖြစ်ပြီး ပေါက်ကွဲရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်း စစ်ဆေးနေဆဲလို့ တရုတ်အစိုးရမီဒီယာက ကြေညာပါတယ်။