close

ဓာတ်ဆီပုလင်းဗုံး

close

May 2, 2023

ပါရီမြို့တော် ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ ဝင် ၁ ဦး ဓာတ်ဆီပုလင်းဗုံးဖြင့် ပစ်ပေါက်ခံရ

ပြင်သစ်မြို့တော်ပါရီမှာ မေလ ၁ ရက်နေ့ ဆန္ဒပြမှုတွေအတွင်း ဓာတ်ဆီပုလင်းဗုံးနဲ့ ပစ်ပေါက်တာ ခံရလို့ ရဲအရာရှိတစ်ဦး မီးလောင်ခံခဲ့ရပါတယ်။

လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံတွေထဲမှာ  မီးသင့် ရဲအရာရှိရဲ့ လုပ်ဖော်ကိုင်ဖက် တချို့က သူ့ရဲ့ အကာအကွယ်အင်္ကျီကို မီးငြှိမ်းသတ်နေတုန်း အရာရှိက မြေပြင်ပေါ် လဲကျနေတာကို တွေ့ရပါတယ်။

တခြားရဲတွေက ဆန္ဒပြသူတွေကို ငရုတ်ကောင်းရည်တွေနဲ့ ပက်ဖြန်းခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ အရာရှိတစ်ဦး ဒဏ်ရာရရှိခြင်း ရှိ၊ မရှိ မသိရသေး ပေမဲ့ အရာရှိတစ်ဦးဟာ ပြင်းထန်တဲ့ မီးရှူးမီးပန်း ထိမှန်ခဲ့ပြီး ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဂျေရတ်ဒါမာနင်က ပြောပါတယ်။

ဒါပေမဲ့ လိုင်ယွန်နဲ့ နန့်တက်စ်တို့မှာလည်း အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ယာဉ်တချို့ မီးလောင်လို့  လုပ်ငန်းခွင်တွေမှာ အမှိုက်တွေ ကျရောက်ခဲ့ပါတယ်။

10 mins Ago

March 1, 2022

ရုရှားကိုပြန်တိုက်ရန် ယူကရိန်း ဘီယာစက်ရုံက ဓာတ်ဆီပုလင်းဗုံးများ ပြောင်းလဲထုတ်လုပ်

ယူကရိန်း ဘီယာစက်ရုံဟာ ဘီယာချက်လုပ်မယ့်အစား ရုရှားစစ်တပ်ကို ပြန်တိုက်ဖို့ ဓာတ်ဆီပုလင်းဗုံးတွေ ပြောင်းလဲ ထုတ်လုပ်နေပါတယ်။

ယူကရိန်းအနောက်ပိုင်း လစ်ဗီယွတ်မြို့က ပရပ်ဗ်ဒါ ဘီယာစက်ရုံက ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ပုံ တံဆိပ်ကပ်ထားတဲ့ ဓာတ်ဆီပုလင်းဗုံးတွေကို ထုတ်လုပ်ရင်း စစ်ပွဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူတွေ နိုင်ငံကို ကာကွယ်ဖို့ ဓာတ်ဆီပုလင်းဗုံးတွေကို လုပ်ကြဖို့ ဖေဖော်ဝါရီ ၂၅ ရက်က အားပေးခဲ့ပါတယ်။

ဗုံးလုပ်နည်းကိုလည်း ဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာပေါ်မှာ ညွှန်ကြားချက်ကို တင်ထားခဲ့ပါတယ်။

ယူကရိန်းကို အုပ်ချုပ်နေတဲ့ နာဇီလက်သစ်တွေက ရုရှားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ပြောရင်း အနောက်နိုင်ငံတွေရဲ့ သီတင်းပတ်ချီ သတိပေးချက်ကို လျစ်လျူရှုပြီး အထူးစစ်ဆင်ရေး ဆင်နွှဲဖို့ ပူတင်က အမိန့်ထုတ်ခဲ့တာပါ။

အနောက်နိုင်ငံတွေနဲ့ ယူကရိန်းကတော့ ရုရှားရဲ့ စွဲချက်က အခြေအမြစ်မရှိတဲ့ ဝါဒဖြန့်ချိရေး သက်သက်ပဲလို့ ပြောခဲ့ပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ တနိုင်ငံက တခြားတနိုင်ငံကို အကြီးဆုံး တိုက်ခိုက်မှုဖြစ်လာခဲ့ပြီး ဥရောပတိုက်ရဲ့ စစ်အေးခတ်နှောင်းပိုင်း ဖွဲ့စည်းပုံကို ပြောင်းပြန်လှန်သွားအောင် ခြိမ်းခြောက်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

1 year Ago
Up