close

နည်းပြဂွါဒီယိုလာ

close

March 14, 2023

ချန်ပီယံလိဂ်ဖလားက သူ့ရဲ့အောင်မြင်မှုအပေါ်အဆုံးအဖြတ်ပေးမည်ဟု နည်းပြဂွါဒီယိုလာပြော

မန်စီးတီးအသင်းနဲ့အတူ ပထမဆုံးအကြိမ် ဥရောပချန်ပီယံလိဂ် ဆုဖလားရယူနိုင်ခြင်းရှိ၊ မရှိက သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုအပေါ်  အဆုံးဖြတ်ပေးလိမ့်မယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ 

စပိန်နည်းပြဟာ ၂၀၁၆ ခုနှစ်ကတည်း  မန်စီးတီးကို တာဝန်ယူခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲကိုပဲ အမြင့်ဆုံးတက်ရောက်ခဲ့ဖူးတာပါ။

ချန်ပီယံလိဂ်ဆုဖလား ရ၊ မရက မန်စီးတီးနည်းပြလက်ထက် အောင်မြင်မှု ရှိ၊ မရှိကို အဆုံးဖြတ်ပေးလိမ့်မယ်ဆိုတဲ့ အချက်ဟာ လက်ခံချင်စရာမကောင်းပေမယ့် လူတွေက အဲဒီလိုပဲ ဆုံးဖြတ်လိမ့်မယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ 

မန်စီးတီးဟာ အခုနှစ်ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ဂျာမန်ကလပ် လိုက်ဇစ်နဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီး အိမ်ကွင်းပွဲစဉ်မှာ နိုင်ပွဲပြန်ယူနိုင်လို့ လိုအပ်နေပါတယ်။ 

8 mins Ago

February 25, 2023

ဟာလန်း၏ ဂိုးသွင်းနှုန်းကျဆင်းမှု အသင်း၏အမှားကြောင့်ဟု နည်းပြဂွါဒီယိုလာအပြစ်တင်

တိုက်စစ်မှူးဟာလန်း ဂိုးသွင်းနှုန်းကျဆင်းလာတာဟာ အသင်းရဲ့အမှားကြောင့်ဖြစ်ကြောင်း မန်စီးတီး နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။

ဟာလန်းဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၆ ဂိုးရရှိထားတယ်ဆိုပေမယ့် နောက်ဆုံး ၆ ပွဲမှာတော့ တစ်ဂိုးပဲ သွင်းယူနိုင်ခဲ့တာပါ။

သူဟာ အာဆင်နယ်နဲ့နှစ်ပွဲမှာ တစ်ဂိုးသွင်းခဲ့ပေမယ့် စပါး၊ ဗီလာ၊ နော်တမ်ဟမ်ဖောရက်စ်နဲ့ လိုက်ဇစ်အသင်းတွေနဲ့ ပွဲစဉ်တွေမှာ ဂိုးပေါက်ပျောက်ဆုံးခဲ့တာပါ။

ဟာလန်း ဂိုးပေါက်ပျောက်နေတာဟာ သူ့ရဲ့ခြေစွမ်းကြောင့်မဟုတ်ဘဲ အသင်းရဲ့ အမှားတွေကြောင့်သာဖြစ်ပြီး ဟာလန်းဟာ တိုက်စစ်ပိုင်းမှာ ကောင်းမွန်တဲ့ ရွှေ့လျားမှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ပွဲစဉ် တစ်ပွဲမှာ ပျမ်းမျှထိချက် ၂၀ သာရှိကြောင်း အချက်အလက်တွေက ဖော်ပြနေပေမယ့် နည်းပြဂွါဒီယိုလာကတော့ ဟာလန်းအပေါ် ကာကွယ်ပြောသွားတာ ဖြစ်ပါတယ်။ 

2 weeks Ago
Up