close

နည်းပြဇာဗီ

close

February 23, 2023

မန်ယူပြန်လာပြီဟု ပြောနိုင်သော်လည်း ဘာကာကလည်းယှဉ်ပြိုင်နိုင်ကြောင်းပြသရန် နည်းပြဇာဗီ တိုက်တွန်း

တချိန်က မန်ယူနိုက်တက်အသင်းပြန်လာပြီလို့ ပြောနိုင်ပေမယ့် ဘာစီလိုနာအသင်းဟာလည်း ယှဉ်ပြိုင်နိုင်ကြောင်း ပြသဖို့ လိုအပ်ကြောင်း နည်းပြဇာဗီကပြောသွားပါတယ်။

ဘာစီလိုနာဟာ ပထမအကျော့က ၂ ဂိုး စီသရေကျခဲ့တာကြောင့် အိုးထရတ်ဖို့ဒ်ကွင်းမှာ နိုင်ပွဲရယူနိုင်မှ နောက်တစ်ဆင့်တက်မှာပါ။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အကောင်းဆုံးခြေစွမ်းရရှိနေပြီး ခက်ခဲတဲ့ပွဲစဉ် ဖြစ်လာနိုင်ကြောင်း၊ တချိန်ကမန်ယူနိုက်တက်အသင်းပြန်လာပြီလို့ ပြောနိုင်ပေမဲ့ ဘာစီလိုနာဘက်ကလည်း ယှဉ်ပြိုင်နိုင်ဖို့လိုအပ်ကြောင်း ဇာဗီကပြောသွားတာပါ။

“ကျနော်တို့မှာ ကိုယ်ရည်ကိုယ်သွေး ထူးချွန်မှုတွေနဲ့ ပြင်းပြတဲ့စိတ်ဓာတ်အများကြီးရှိတယ်။ ဒါ့အပြင် ဥရောပရဲ့ ထိပ်တန်းအသင်း တစ်သင်းကို အနိုင်ယူနိုင်တယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုလည်းရှိတယ်။ မနက်ဖြန်ပွဲမှာ ကြည့်ကြတာပေါ့”လို့ နည်းပြဇာဗီကပြောပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ကတော့ အိမ်ကွင်းခြေစွမ်းကောင်းမွန်ပေမယ့် အဝေးကွင်းတွေမှာတော့ တချိန်ကဘာစီလိုနာ ပြန်လာပြီလို့ မဆိုနိုင်သေးကြောင်း နည်းပြဇာဗီက ဝန်ခံစကားဆိုခဲ့ပါတယ်။

1 hour Ago

December 13, 2021

ဘာစီလိုနာအသင်းတွင် စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေဟု နည်းပြဇာဗီ သုံးသပ်

ဘာစီလိုနာအသင်းသားတွေမှာ စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေပြီလို့ နည်းပြဇာဗီက သုံးသပ်သွား ပါတယ်။ 

ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကိုရူံးနိမ့်ခဲ့ပြီးနောက် ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ် အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။ 

အဲဒီပွဲစဉ်အပြီးမှာ အိုဆာဆူနာအသင်းနဲ့ လာလီဂါပွဲစဉ်မှာလည်း ၂ ဂိုးစီသရေရလဒ်သာ ကစားနိုင်ခဲ့ပါတယ်။ အသင်းလူစာရင်းမှာပါရမီရှိတဲ့ ကစားသမားတွေရှိပေမယ့်  ရဲရင့်မှုနဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးနေတယ်လို့ ဇာဗီကပြောပါတယ်။ 

“အသင်းရဲ့အခြေအနေက ဘောလုံးကိစ္စတစ်ခုထက် စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုရှိနေတာပါ။ သူတို့ကိုယုံကြည်မှု ရှိလာအောင်လုပ်ရမှာကတော့ ကျနော့်ရဲ့တာဝန်ပါ။ ရဲရင့်မှုရှိရှိနဲ့ ကစားဖို့ အမြဲတမ်းတိုက်တွန်းအာ‌ေပေးနေပါတယ်။ သတ္တိရှိမှုနဲ့ အမြင့်မားဆုံးရည်မှန်းချက်တွေ ပျောက်ဆုံးနေပြီး ဒါက ဘာစီလိုနာရဲ့ ကစားဟန်မဟုတ်သေးပါဘူး” လို့ ဇာဗီက အသင်းရဲ့အခြေအနေအပေါ်သုံးသပ်ပါတယ်။ 

ဘာစီလိုနာအသင်းဟာ အခုနှစ်ရာသီမှာ အပြောင်းအလဲတွေများခဲ့ပြီး အဓိကတိုက်စစ်မှူး မက်ဆီကို လက်လွှတ်ခဲ့ရသလို အသစ်ခန့်အပ်ခဲ့တဲ့ နည်းပြရော်နယ်ကိုးမန်းဟာလည်း အသင်းနဲ့ လမ်းခွဲခဲ့ရပါတယ်။ 

1 year Ago
Up