close

နည်းပြရော်ဂျာ

close

September 18, 2022

ရှုံးပွဲဆက်ပြီးနောက် နည်းပြရော်ဂျာကို ထုတ်ပယ်ရန် လက်စတာပရိသတ်များတောင်းဆို

လက်စတာအသင်းဟာ ရှုံးပွဲဆက်ခဲ့တဲ့နောက်မှာ နည်းပြဘရန်ဒန်ရော်ဂျာကို ထုတ်ပယ်ဖို့ပရိသတ် တွေက တောင်းဆိုနေကြပါတယ်။

လက်စတာအသင်းဟာ မနေ့ညကပွဲစဉ်မှာ စပါးအသင်းကို ၆ ဂိုး ၂ဂိုးနဲ့ရှုံးနိမ့်ခဲ့ရပြီး   ၇ ပွဲကစား၊ ၆ ပွဲရှုံး ၁ပွဲသရေရလဒ်နဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာရပ်တည်ခဲ့တာပါ။

အဲဒီပွဲစဉ်အပြီးမှာတော့ နည်းပြအပြောင်းအလဲပြုလုပ်ဖို့ လက်စတာပရိသတ်တွေက အလိုရှိခဲ့ကြတာပါ။

လက်စတာပရိသတ်တစ်ဦးကတော့ နည်းပြရော်ဂျာအနေနဲ့ ၆ ပွဲရှုံးနိမ့်ခဲ့ပြီးနောက်မှာ ရလဒ်ကောင်းတွေရဖို့ စွမ်းဆောင်နိုင်တော့မှာမဟုတ်ကြောင်း၊ ခံစစ်ပိုင်းဆိုးရွားမှုကလည်း ရှက်စရာကောင်းတဲ့စွမ်းဆောင်ရည်ဖြစ်ကြောင်း ဝေဖန်ပါတယ်။

တခြားပရိသတ်တွေကတော့ ရော်ဂျာကိုထုတ်ပယ်ဖို့ လုံလောက်နေပြီဖြစ်ကြောင်း၊ ၂ ပွဲမှာ ၁၁ ဂိုးပေးခဲ့ရတယ်ဆိုတာ တန်းတက်ကလပ်တွေဆိုရင် နားလည်းပေးနိုင်မှာဖြစ်ကြောင်း ဝေဖန်ခဲ့ကြတာပါ။

နည်းပြရော်ဂျာဟာ မနှစ်ကရာသီတုန်းက ယူရိုကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ်ဆီပို့ဆောင်ပေးခဲ့ပြီး အက်ဖ်အေဖလားချန်ပီယံဆုရအောင်လည်း ဦးဆောင်နိုင်ခဲ့ပေမဲ့ အခုနှစ် ရာသီအစမှာတော့ နိုင်ပွဲရှာမတွေ့သေးတာဖြစ်ပါတယ်။ 

4 mins Ago

July 7, 2020

လက်စတာအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဟု နည်းပြပြော

လက်စတာအသင်း ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိမယ်လို့ အပြည့်အဝ ယုံကြည်ထားတယ်လို့ နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောပါတယ်။  ၂၀၁၆ ခုနှစ်မှာ ပရီးမီးယားလိဂ် သရဖူဆောင်းနိုင်ခဲ့တဲ့ လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ချိန်ကစလို့ ရလဒ်ကောင်းရဖို့ ရုန်းကန်နေရပြီး နှစ်ပွဲ သရေကျခဲ့ကာ အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။  ဒါပေမဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာတော့ လက်စတာအသင်းဟာ အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ “အခုချိန်မှာတော့ ကျနော်တို့ ပစ္စုပ္ပန်မှာပဲ နေထိုင်ကာ လာမယ့်ပွဲကိုပဲ အာရုံစိုက်ထားပါတယ်။ ဒါပေမဲ့ ရာသီကုန်ဆုံးချိန်မှာတော့ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ရော်ဂျာက ပြောပါ တယ်။  လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်စတာ၊ ချဲလ်ဆီးနဲ့ ပုံစံကောင်းရရှိနေတဲ့ ယူနိုက်တက်အသင်းတို့ဟာ အကြိတ်အနယ်ယှဉ်ပြိုင်နေရပါတယ်။  လက်စတာအသင်းက အဆင့် ၄ နေရာက ချဲလ်ဆီးအသင်းကို ၁ မှတ် အသာရရှိထားပြီး အဆင့် ၅ နေရာက ယူနိုက်တက်အသင်းထက် ၃ မှတ် ပိုသာတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။  လက်စတာစီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၂၀၁၇ ခုနှစ်မှာ နောက်ဆုံးက စားခဲ့ရတာဖြစ်ပြီး အဲဒီတုန်းက ကွာတားဖိုင်နယ်အဆင့်အထိ ရောက်ရှိခဲ့ပါတယ်။  နည်းပြရော်ဂျာကတော့ သူ့အသင်းဟာ ဥရောပရဲ့အမြင့်ဆုံးပြိုင်ပွဲကို ပြန်လည်ဝင်ရောက်ဖို့ စွမ်းဆောင်နိုင်တယ်လို့ ယုံကြည်ထားပါတယ်။ “ဒီကိစ္စအပေါ် လုံးဝသံသယမရှိပါဘူး။ ကျနော်တို့ရဲ့ အရည်အချင်းကို ပြီးခဲ့တဲ့ ၃၃ ပွဲလုံး ပြသခဲ့ပြီးဖြစ်ပါတယ်။ ကျနော်တို့ဘက်မှာ ဒဏ်ရာအခြေအနေကြောင့် ကစားသမားတချို့ကို လက်လွှတ်ရဖို့ရှိနေပေမဲ့ အသင်းလိုက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုရရှိဖို့ အာရုံစိုက်ထားပါတယ်။ ဒီအတွက် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားပါမယ်။” လက်စတာအသင်းဟာ အင်္ဂါနေ့မှာ အာဆင်နယ်အသင်းကို အဝေးကွင်း သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
2 years Ago
Up