close

နည်းပြအာတီတာ

close

April 2, 2023

မန်စီးတီးရလဒ်ထက် ကိုယ့်အလုပ်ကိုသာ လုပ်နိုင်ဖို့လိုဟု နည်းပြအာတီတာသုံးသပ်

မန်စီးတီးအသင်းရဲ့ရလဒ်ကို စောင့်ကြည့်နေတာထက် ကိုယ့်အလုပ်ကိုယ်သာလုပ်နိုင်ဖို့လို အပ်ကြောင်း အာဆင်နယ်နည်းပြအာတီတာက ပြောသွားပါတယ်။

အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ၄ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး ဒုတိယနေရာက မန်စီးတီးထက်တစ်ပွဲပိုကစားကာ ၈ မှတ်ဖြတ်ထားဆဲ ဖြစ်ပါတယ်။

အဲဒီပွဲမတိုင်ခင်မှာ မန်စီးတီးက လစ်ဗာပူးနဲ့ ကစားခဲ့ရာမှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ထိပ်တန်းအသင်းကြီးနှစ်သင်းရဲ့ပွဲဖြစ်လို့ မန်စီးတီးနဲ့ လစ်ဗာပူးပွဲရလဒ်က စောင့် ကြည့်ချင်စရာကောင်းခဲ့တာမှန်ပေမဲ့ ကိုယ့်အလုပ်ကိုကိုယ်လုပ်နိုင်ဖို့ကသာ အဓိကလိုအပ်ကြောင်း နည်းပြအာတီတာကပြောပါတယ်။

“မန်စီးတီးအသင်းရဲ့ရလဒ်ကို ကြည့်ခဲ့တာမှန်ပေမဲ့ ကိုယ်ကစား ရမဲ့ပွဲမှာတော့ ကိုယ့် အလုပ်ကိုယ်သာ လုပ်ဆောင်နိုင်ဖို့ကအဓိကကျပါတယ်။ စီးတီးအသင်းကတော့ အဲဒီလိုပုံစံနဲ့အ သားကျပြီးသာဖြစ်တယ်။ ကျနော်တို့အသင်းအနေနဲ့ ကိုယ်လုပ်ဆောင်နိုင်တာကိုပဲ ကိုယ်တိုင် ထိန်းချုပ်လို့ ရနိုင်တာဖြစ်တယ်” လို့ နည်းပြအာတီတာကပြောပါတယ်။

လိဒ်ယူနိုက်တက်နဲ့ပွဲမှာ အနိုင်ဂိုးနှစ်ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးဂျေဆုကိုလည်း နည်းပြအာတီတာက ချီးကျူး စကားဆိုခဲ့ပါတယ်။ 

16 mins Ago

March 5, 2023

အာဆင်နယ်အသင်းသားများ၏ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ကို နည်းပြအာတီတာချီးကျူး

ဘုန်းမောက်အသင်းကို အနိုင်ရတဲ့ပွဲမှာ အာဆင်နယ်အသင်းသားတွေရဲ့ အနိုင်မခံအရှုံးမပေး စိတ်ဓာတ်ကို နည်းပြအာတီတာက ချီးကျူးသွားပါတယ်။ 

အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ဦးဆောင်ဂိုး ၂ ဂိုးအရင်ပေးလိုက်ရပေမယ့် ချေပဂိုးတွေ လိုက်သွင်းပြီး ပွဲပြီးခါနီးနောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းပြီး ၃ ဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့တာပါ။

ပွဲအပြီးမှာတော့ နည်းပြအာတီတာက အသင်းသားတွေရဲ့စိတ်ဓာတ်ကိုချီးကျူးခဲ့ပြီး မယုံကြည်နိုင်စရာ ကောင်းလောက်တဲ့ ကျေနပ်ပျော်ရွှင်မှုဖြစ်ကြောင်းပြောပါတယ်။

“အသင်းသားတွေဟာ ဘယ်တော့မှအရှုံးမပေး လက်မမြှောက်ခဲ့ကြဘူး။ ပရိသတ်တွေရှေ့မှာ ဒီလိုခမ်းနားကြီးကျယ်လှတဲ့ အခိုက်အတန့်ကို မျှဝေပေးနိုင်တာ လောက်ကောင်းမွန်တာ မရှိပါဘူး။ အသင်းသားတွေအတွက် ဂုဏ်ယူပါတယ်”လို့ နည်းပြအာတီတာက ပြောပါတယ်။

အမှတ်ပေးဇယားကို ၅ မှတ်ဖြတ်ပြီး ဦးဆောင်မှုကို ဆက်ထိန်းနိုင်ခဲ့တာက ကျေနပ်စရာဖြစ်ပေမဲ့ ပွဲစဉ်တွေ အများကြီးဆက်ကစားရဖို့ကျန်ရှိသေးကြောင်း နည်းပြအာတီတာက ပြောသွားပါတယ်။

4 weeks Ago
Up