close

အာဆင်နယ်အသင်းသားများ၏ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ကို နည်းပြအာတီတာချီးကျူး

ဘုန်းမောက်အသင်းကို အနိုင်ရတဲ့ပွဲမှာ အာဆင်နယ်အသင်းသားတွေရဲ့ အနိုင်မခံအရှုံးမပေး စိတ်ဓာတ်ကို နည်းပြအာတီတာက ချီးကျူးသွားပါတယ်။ 

အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ဦးဆောင်ဂိုး ၂ ဂိုးအရင်ပေးလိုက်ရပေမယ့် ချေပဂိုးတွေ လိုက်သွင်းပြီး ပွဲပြီးခါနီးနောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းပြီး ၃ ဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့တာပါ။

ပွဲအပြီးမှာတော့ နည်းပြအာတီတာက အသင်းသားတွေရဲ့စိတ်ဓာတ်ကိုချီးကျူးခဲ့ပြီး မယုံကြည်နိုင်စရာ ကောင်းလောက်တဲ့ ကျေနပ်ပျော်ရွှင်မှုဖြစ်ကြောင်းပြောပါတယ်။

“အသင်းသားတွေဟာ ဘယ်တော့မှအရှုံးမပေး လက်မမြှောက်ခဲ့ကြဘူး။ ပရိသတ်တွေရှေ့မှာ ဒီလိုခမ်းနားကြီးကျယ်လှတဲ့ အခိုက်အတန့်ကို မျှဝေပေးနိုင်တာ လောက်ကောင်းမွန်တာ မရှိပါဘူး။ အသင်းသားတွေအတွက် ဂုဏ်ယူပါတယ်”လို့ နည်းပြအာတီတာက ပြောပါတယ်။

အမှတ်ပေးဇယားကို ၅ မှတ်ဖြတ်ပြီး ဦးဆောင်မှုကို ဆက်ထိန်းနိုင်ခဲ့တာက ကျေနပ်စရာဖြစ်ပေမဲ့ ပွဲစဉ်တွေ အများကြီးဆက်ကစားရဖို့ကျန်ရှိသေးကြောင်း နည်းပြအာတီတာက ပြောသွားပါတယ်။

Up