close

နည်းပြ ဆောက်ဂိတ်

close

December 8, 2022

နည်းပြဆောက်ဂိတ်ကို ယူရို၂၀၂၄ အထိဆက်ထားရန် အင်္ဂလန်အက်ဖ်အေ ဆန္ဒရှိ

အင်္ဂလန်အက်ဖ်အေဟာ နည်းပြဆောက်ဂိတ်ကို လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအထိ ဆက်ရှိဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

နည်းပြဆောက်ဂိတ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အင်္ဂလန်အသင်းကနေ ထွက်ခွာနိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ဖူးတာပါ။

လက်ရှိအခြေအနေအရတော့ အင်္ဂလန်အက်ဖ်အေက နည်းပြဆောက်ဂိတ်ကို ဆက်လက် တာဝန်ပေးလိုပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေကို ဆက်လက်ကိုင်တွယ်ဖို့ ဆန္ဒရှိနေတာပါ။

ဒါပေမဲ့ နည်းပြဆောက်ဂိတ်ကိုယ်တိုင်က ဆက်ပြီး တာဝန်ယူလိုခြင်းမရှိဘူးဆိုရင်တော့ တခြားအင်္ဂလိပ်လူမျိုး နည်းပြတစ်ဦးကို ခန့်အပ်ဖို့ အက်ဖ်အေက လျာထားပါတယ်။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ နာမည်ကြီး ပြင်သစ်နဲ့ တွေ့နေပြီး အဲဒီပွဲရလဒ်ကလည်း နည်းပြဆောက်ဂိတ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားဖို့ရှိနေပါတယ်။

13 mins Ago

March 22, 2022

ဒဏ်ရာပြဿနာများကြောင့် ကစားသမား ၄ ဦးကို အင်္ဂလန်နည်းပြဆောက်ဂိတ် ထပ်မံခေါ်ယူ

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ ကနဦးရွေးချယ်ထားတဲ့ ကစားသမား ၄ ဦး ဒဏ်ရာပြဿနာရှိ တာကြောင့် နောက်ထပ် ၄ ဦးကို ထပ်မံခေါ်ယူခဲ့ပါတယ်။ 

ကနဦးရွေးချယ်ခဲ့တဲ့ အင်္ဂလန်အသင်း လူစာရင်းထဲမှာ ဂိုးသမား အာရွန်ရမ်ဒေးစ်၊ နောက်ခံလူတွေဖြစ်ကြတဲ့ အာနိုးလ်၊ ရီဆီဂျိမ်းစ်နဲ့ တိုက်စစ်မှူး တမ်မီအေဗရာဟမ်တို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် လူစာရင်းကနေ အသီးသီးနုတ်ထွက်ခဲ့ကြတာပါ။ 

သူတို့ရဲ့နေရာမှာ ခရစ္စတယ်ပဲလေ့နောက်ခံလူ မစ်ချဲလ် နဲ့ ဆောက်သမ်တန်က ကိုင်လ်ဝေါ်ကာပီတာ တို့ကို ပထမဆုံးအကြိမ် ရွေးချယ်ခဲ့ပြီး ဝက်စ်ဘရွန်းဂိုးသမား ဂျွန်စတုန်းစ်နဲ့ ဗီလာတိုက်စစ်မှူး ဝက်ကင်စ်တို့ကို ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 

ဆောက်သမ်တန်နောက်ခံလူ ဝေါ်ကာပီတာက ၂၀၁၇ ဖီဖာယူ ၂ဝ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းနဲ့ ချန်ပီယံဆု ဖလားရယူနိုင်ခဲ့သူဖြစ်ပြီး ယူ ၂၁ အသင်းအဆင့်အထိ ကစားခဲ့ဖူးသူပါ။ 

ပဲလေ့နောက်ခံလူ မစ်ချဲလ်ကတော့ သက်တမ်းအလိုက် လူငယ်အသင်းတွေမှာလည်း ရွေးချယ်ခံရဖူးခြင်းမရှိခဲ့ပေမယ့် အသင်းကြီးမှာ ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရတာပါ။ 

အင်္ဂလန်အသင်းဟာ ဒီတစ်ပတ်နိုင်ငံတကာပွဲစဉ်တွေမှာ ဆွစ်ဇာလန်၊ အိုင်ဗရီကို့စ်အသင်းတွေနဲ့ ခြေစမ်းပွဲ ၂ ပွဲယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

9 months Ago
Up