နည်းပြဆောက်ဂိတ်ကို ယူရို၂၀၂၄ အထိဆက်ထားရန် အင်္ဂလန်အက်ဖ်အေ ဆန္ဒရှိ

အင်္ဂလန်အက်ဖ်အေဟာ နည်းပြဆောက်ဂိတ်ကို လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအထိ ဆက်ရှိဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
နည်းပြဆောက်ဂိတ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အင်္ဂလန်အသင်းကနေ ထွက်ခွာနိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ဖူးတာပါ။
လက်ရှိအခြေအနေအရတော့ အင်္ဂလန်အက်ဖ်အေက နည်းပြဆောက်ဂိတ်ကို ဆက်လက် တာဝန်ပေးလိုပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေကို ဆက်လက်ကိုင်တွယ်ဖို့ ဆန္ဒရှိနေတာပါ။
ဒါပေမဲ့ နည်းပြဆောက်ဂိတ်ကိုယ်တိုင်က ဆက်ပြီး တာဝန်ယူလိုခြင်းမရှိဘူးဆိုရင်တော့ တခြားအင်္ဂလိပ်လူမျိုး နည်းပြတစ်ဦးကို ခန့်အပ်ဖို့ အက်ဖ်အေက လျာထားပါတယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ နာမည်ကြီး ပြင်သစ်နဲ့ တွေ့နေပြီး အဲဒီပွဲရလဒ်ကလည်း နည်းပြဆောက်ဂိတ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားဖို့ရှိနေပါတယ်။