close

နည်းဗျူဟာ

close

April 23, 2023

ဘိုင်ယန်အသင်း ရလဒ်ဆိုးနေမှု နည်းစနစ်၊ နည်းဗျူဟာကြောင့်မဟုတ်ဟု နည်းပြပြော

ဘိုင်ယန်မြူးနစ်အသင်း ရလဒ်တွေဆိုးရွားနေတာဟာ နည်းစနစ်နဲ့ နည်းဗျူဟာတွေကြောင့် မဟုတ်ဘဲ ပွဲပန်းနေခြင်းကြောင့်သာဖြစ်တယ်လို့ နည်းပြ တူချယ်က ပြောပါတယ်။

ဘိုင်ယန်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ မိန့်ဇ်အသင်းနဲ့ပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့၌ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားဒုတိယနေရာကို ဆင်းပေးခဲ့ရတာပါ။

ဂျာမန်နည်းပြတူခယ်လက်ထက်မှာ ဘိုင်ယန်မြူးနစ်အသင်းက ၇ ပွဲကစားခဲ့ရာမှာ ၂ ပွဲသာ အနိုင်ရ ခဲ့ပြီး သုံးပွဲရှုံး ၊ နှစ်ပွဲသရေကျခဲ့တာပါ။

နည်းပြတူချယ်က “ရှုံးပွဲတွေ့ခဲ့တာက နည်းစနစ်၊ နည်းဗျူဟာပြဿနာတွေကြောင့်တော့ မဟုတ်ပါဘူး။ ကျနော်တို့အသင်းက မောပန်းပြီး လေးလံနေတဲ့ပုံစံဖြစ်နေတယ်။ အမြဲတမ်း အချိန်ပို ဆက်ကစားရနေသလိုပဲ။ ကျနော်တို့အသင်းက တစ်ရာသီမှာ ပွဲ ၇၀-၈၀ ကစားခဲ့ရတဲ့အသင်းလို အားမရှိဘဲဖြစ်နေတယ်။ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ပြင်းပြမှုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာအားသာချက်တွေ ပျောက်ဆုံးနေတယ်”လို့ ပြောပါတယ်။

ဘိုင်ယန်မြူးနစ် အနေနဲ့ ပိုကယ်ဖလားနဲ့ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရသလို ဘွန်ဒက်စ်လီဂါမှာလည်း ဒေါ့မွန်ရဲ့အောက် ဒုတိယနေရာမှာရပ်တည်နေရပြီဖြစ်ပါတယ်။ 

4 mins Ago

August 23, 2022

နည်းဗျူဟာထက် မခံချင်စိတ်ကြောင့် အနိုင်ရခဲ့ခြင်းဖြစ်ဟု မန်ယူနည်းပြတန်ဟတ်ဂ်သုံးသပ်

လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ ကစားကွက်နည်းဗျူဟာတွေထက်စာရင် မခံချင်တဲ့စိတ်ဓာတ်ကြောင့် အနိုင်ရခဲ့တာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

မန်ယူအသင်းဟာအဖွင့်ပွဲ နှစ်ပွဲစလုံးရှုံးနိမ့်ခဲ့ပေမဲ့ ဒီနေ့မနက် အိုးထရက်ဖို့ဒ်အိမ်ကွင်းမှာ ကန်သွားခဲ့တဲ့  လီဗာပူးနဲ့ ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပွဲ ပြန်ရခဲ့တာပါ။

ဒီနိုင်ပွဲနဲ့ ပတ်သက်လို့ ကစားကွက်နည်းဗျူဟာတွေ အကြောင်းပြောနိုင်ပေမယ့် အဓိကအချက်က စိတ်ဓာတ်ပိုင်းဆိုင်ရာကြောင့်သာဖြစ်ကြောင်း၊ အသင်းသားအချင်းချင်းကြားက စည်းလုံးညီညွတ်မှုနဲ့ အနိုင်မခံ အရူံးမပေးစိတ်ဓာတ်ကို မြင်တွေ့နိုင်ကြောင်း အသင်းသားတွေကို နည်းပြတန်ဟတ်ဂ်ကချီးကျူးပါတယ်။

နှစ်ပွဲဆက်တိုက်ရှုံးပြီးနောက်ပိုင်းမှာ ကစားသမားတွေကို စကားသိပ်မပြောကြဘဲ အလုပ်နဲ့ သက်သေပြကြဖို့ တိုက်တွန်းခဲ့ကြောင်းလည်း တန်ဟတ်ဂ်က ပြောပါတယ်။ ဒီပွဲဟာ နည်းပြတန်ဟတ်ဂ်အတွက်တော့ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲလည်းဖြစ်ပါတယ်။

တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ကတော့ နိုင်ပွဲပြန်ရခဲ့တာက ကြီးမားတဲ့အောင်ပွဲဖြစ်ပြီး အင်ပြည့်အားပြည့်ကစားခဲ့လို့ ရလဒ်ကောင်းရခဲ့တာဖြစ်ကြောင်းပွဲအပြီးမှာ ပြောသွားပါတယ်။ 

8 months Ago
Up