close

ဘိုင်ယန်အသင်း ရလဒ်ဆိုးနေမှု နည်းစနစ်၊ နည်းဗျူဟာကြောင့်မဟုတ်ဟု နည်းပြပြော

ဘိုင်ယန်မြူးနစ်အသင်း ရလဒ်တွေဆိုးရွားနေတာဟာ နည်းစနစ်နဲ့ နည်းဗျူဟာတွေကြောင့် မဟုတ်ဘဲ ပွဲပန်းနေခြင်းကြောင့်သာဖြစ်တယ်လို့ နည်းပြ တူချယ်က ပြောပါတယ်။

ဘိုင်ယန်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ မိန့်ဇ်အသင်းနဲ့ပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့၌ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားဒုတိယနေရာကို ဆင်းပေးခဲ့ရတာပါ။

ဂျာမန်နည်းပြတူခယ်လက်ထက်မှာ ဘိုင်ယန်မြူးနစ်အသင်းက ၇ ပွဲကစားခဲ့ရာမှာ ၂ ပွဲသာ အနိုင်ရ ခဲ့ပြီး သုံးပွဲရှုံး ၊ နှစ်ပွဲသရေကျခဲ့တာပါ။

နည်းပြတူချယ်က “ရှုံးပွဲတွေ့ခဲ့တာက နည်းစနစ်၊ နည်းဗျူဟာပြဿနာတွေကြောင့်တော့ မဟုတ်ပါဘူး။ ကျနော်တို့အသင်းက မောပန်းပြီး လေးလံနေတဲ့ပုံစံဖြစ်နေတယ်။ အမြဲတမ်း အချိန်ပို ဆက်ကစားရနေသလိုပဲ။ ကျနော်တို့အသင်းက တစ်ရာသီမှာ ပွဲ ၇၀-၈၀ ကစားခဲ့ရတဲ့အသင်းလို အားမရှိဘဲဖြစ်နေတယ်။ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ပြင်းပြမှုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာအားသာချက်တွေ ပျောက်ဆုံးနေတယ်”လို့ ပြောပါတယ်။

ဘိုင်ယန်မြူးနစ် အနေနဲ့ ပိုကယ်ဖလားနဲ့ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရသလို ဘွန်ဒက်စ်လီဂါမှာလည်း ဒေါ့မွန်ရဲ့အောက် ဒုတိယနေရာမှာရပ်တည်နေရပြီဖြစ်ပါတယ်။ 

Up