close

နမ့်ဆန်မြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် သံဃာတော် ၃ ပါး  မိုင်းနင်းမိပြီး ဒဏ်ရာရ

close

March 4, 2022

လေးကေ့ကော်အနီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်ဒေသ ဖလူးကြီးရွာအနီးမှာ မတ်လ ၄ နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်  မိုင်းနင်းမိပြီး ခြေထောက်မှာ ဒဏ်ရာ အပြင်းအထန်ရရှိသွားတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဟာ လေးကေ့ကော်မြို့သစ်နဲ့ ဖလူးကြီး ဖလူးလေးဘက်မှာ နေ့စဉ် ကင်းလှည့်နေတဲ့တပ်ဖွဲ့ဖြစ်ပြီး  စကခ (၁၂)လက်အောက်ခံ ခလရ  ၂၃၁ က တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ KNLA တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။  

စစ်ကောင်စီတဖွဲ့လှည့်ကင်းလှည့်နေချိန်  KNLA  ဘက်က ဖလူးကြီးရွာအထွက်နားမှာ  မြေမြှုပ်မိုင်းထောင်ထားအပြီး မိနစ် ၃၀ လောက်အကြာမှာ ပေါက်ကွဲသံကြားခဲ့ရတာလို့ ဆိုပါတယ်။

မိုင်းနင်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို  မြဝတီမြို့ သင်္ဃန်းညီနောင် စစ်ဆေးရုံကို ပို့ဆောင် ဆေးကုသပေးနေပါတယ်။ 

လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေက ကျူးကျော်ဝင်ရောက်လာတာကြောင့်  ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်မှာ တိုက်ပွဲပြင်းထန်စတင်ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထောင်သောင်းချီ ထိုင်းနိုင်ငံဘက် ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။

မတ်လ ၂ ရက်ကလည်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က တပ်သား  ၁၀ ယောက်လောက် သေဆုံးကာ တချို့ ဒဏ်ရာရခဲ့ကာ  မတ်လ ၃ ရက် မနေ့ကလည်း  တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။ 

51 seconds Ago

October 15, 2019

နမ့်ဆန်မြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် သံဃာတော် ၃ ပါး  မိုင်းနင်းမိပြီး ဒဏ်ရာရ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လွယ်ကလေးကျေးရွာကနေ ဆိုင်ကယ်စီးလာတဲ့ သံဃာတော် ၃ ပါးဟာ လမ်းပေါ်မှာ မိုင်းနင်းမိလို့ ဒဏ်ရာရပြီး ကျောက်မဲဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။  မန္တလေးမြို့မှာ သီတင်းသုံးနေကြတဲ့ သံဃာတော် ၃ ပါးဟာ နမ့်ဆန်မြို့နယ် လွယ်ကလေးကျေးရွာမှာကျင်းပနေတဲ့ အာစရိယပူဇော်ပွဲကို အောက်တိုဘာ ၁၃ ရက်က သွားရင် လွယ်ပြတ်ကျေးရွာအနီး လမ်းမထက်မှာထောင်ထားတဲ့ မိုင်းကိုနင်းမိခဲ့တာပါ။ မိုင်းထိမိတဲ့ သံဃာ တပါးကတော့ နံကြားအတွင်း မိုင်းစဝင်သွားပြီး ကျန်တဲ့ နှစ်ပါးကတော့ ပြင်ပဒါဏ်ရာရရှိခဲ့တယ်လို့  သံဃာတော်တပါးက မိန့်ကြားပါတယ်။ မိုင်းထိဒါဏ်ရတဲ့ သံဃာတွေကို ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ဝိုင်းဝန်ကူညီပေးနေပါတယ်။ လက်ရှိ မိုင်းနင်းမိတဲ့နယ်မြေအတွင်းမှာ မြန်မာ့တပ်မတော် ၊ TNLA တအာင်းတပ်ဖွဲ့၊ RCSS/ SSA နဲ့ SSPP/SSA တပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေပါတယ်။ ဒါ့ကြောင့် အရပ်သားပြည်သူတွေ မိုင်းနင်း မိတဲ့ ဖြစ်စဉ်တွေဟာ မကြာခဏဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျောက်မဲခရိုင် မိုင်းလုံနယ်မြေမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်ကလည်း လက်ဖက်ခင်းသွားရင်း မိုင်းထိမိလို့ ဒေသ ၁ ဦးဒဏ် ရာရပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။ 
2 years Ago
Up