close

လေးကေ့ကော်အနီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်ဒေသ ဖလူးကြီးရွာအနီးမှာ မတ်လ ၄ နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်  မိုင်းနင်းမိပြီး ခြေထောက်မှာ ဒဏ်ရာ အပြင်းအထန်ရရှိသွားတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဟာ လေးကေ့ကော်မြို့သစ်နဲ့ ဖလူးကြီး ဖလူးလေးဘက်မှာ နေ့စဉ် ကင်းလှည့်နေတဲ့တပ်ဖွဲ့ဖြစ်ပြီး  စကခ (၁၂)လက်အောက်ခံ ခလရ  ၂၃၁ က တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ KNLA တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။  

စစ်ကောင်စီတဖွဲ့လှည့်ကင်းလှည့်နေချိန်  KNLA  ဘက်က ဖလူးကြီးရွာအထွက်နားမှာ  မြေမြှုပ်မိုင်းထောင်ထားအပြီး မိနစ် ၃၀ လောက်အကြာမှာ ပေါက်ကွဲသံကြားခဲ့ရတာလို့ ဆိုပါတယ်။

မိုင်းနင်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို  မြဝတီမြို့ သင်္ဃန်းညီနောင် စစ်ဆေးရုံကို ပို့ဆောင် ဆေးကုသပေးနေပါတယ်။ 

လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေက ကျူးကျော်ဝင်ရောက်လာတာကြောင့်  ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်မှာ တိုက်ပွဲပြင်းထန်စတင်ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထောင်သောင်းချီ ထိုင်းနိုင်ငံဘက် ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။

မတ်လ ၂ ရက်ကလည်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က တပ်သား  ၁၀ ယောက်လောက် သေဆုံးကာ တချို့ ဒဏ်ရာရခဲ့ကာ  မတ်လ ၃ ရက် မနေ့ကလည်း  တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up