close

နယူးဂျာစီပြည်နယ်

close

January 5, 2022

နယူးဂျာစီပြည်နယ်၌ ကိုဗစ်-၁၉ လူနာ ဆေးရုံတင်နှုန်း အမြင့်ဆုံးအဆင့်ရောက်ရှိ

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ ၂၀၂၀ မေလတည်းက ခုထိ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံလူနာ ဆေးရုံတင်နှုန်း အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့တယ်လို့ ဇန်နဝါရီ ၃ ရက်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

ပြည်နယ်တခုလုံးမှာ သီတင်းပတ်တပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ ဆေးရုံတင်နှုန်းက ၇၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာပါ။

အိုမီခရွန် ဗီဇမျိုးကွဲသစ်က ဆူနာမီလှိုင်းလုံးလို ကူးစက်နေလို့ ဆေးရုံတွေနဲ့ သူနာပြုဂေဟာတွေက ဝန်ထမ်းတွေအပေါ် သက်ရောက်နေပြီလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖီးလ်မာဖီက တနင်္လာနေ့မှာ ပြောပါတယ်။

နယူးဂျာစီပြည်နယ်မှာ တရက်အတွင်း ကိုဗစ်ကူးစက်ခံ အတည်ပြုလူနာ အရေအတွက် ၂၀,၀၀၀ ကျော်နေတာ ၆ ရက်ဆက်တိုက် ရှိနေပါပြီ။

ပြည်သူတွေ သူတို့အိမ်မှာသူတို့ စမ်းသပ်တာကို ဒေသခံအရာရှိတွေဆီ သတင်းပို့မယ့်ပုံ မပေါ်လို့ ဒီအရေအတွက်က တကယ့်အရေအတွက်ထက် နည်းမယ်လို့လည်း မာဖီက ဆက်ပြောပါတယ်။

ကျောင်းတွေကို ဆက်ပြီး ဖွင့်ထားဖို့ မာဖီက ဆော်ဩပေမယ့် တချို့ကျောင်းတွေကတော့ အဝေးသင်စနစ်နဲ့ ပြောင်းသင်နေကြပြီလို့ သူက အသိအမှတ်ပြု ပြောဆိုပါတယ်။

နယူးဂျာစီမြို့ အပါအဝင် ပြည်နယ်ရဲ့ အကြီးဆုံးကျောင်းစနစ် နေရာတချို့မှာ သီတင်းပတ် နှစ်ပတ်ထက်မနည်း အဝေးသင်စနစ်နဲ့ သင်နေခဲ့ပြီးပြီလို့ ကြေညာထားပါတယ်။

12 mins Ago

March 12, 2020

စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲတော့မည့် မီးလောင်ယာဉ်ပေါ်မှ ယာဉ်မောင်းကို ကယ်တင် (ရုပ်သံ)

နယူးဂျာစီပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေဟာ မီးလောင်နေတဲ့ထရပ်ကားပေါ်က ယာဉ်မောင်းကို မတ်လ ၂ ရက်နေ့မှာ ကယ်တင်ပေးခဲ့ပါတယ်။ ကားဟာလမ်းမှာ ကာရံထားတဲ့အတားအဆီးတွေကို ဝင်တိုက်ခဲ့ပြီးနောက် မီးစွဲလောင်ခဲ့တာဖြစ်ပါတယ်။  ရဲတပ်ဖွဲ့ဝင်တွေဟာ မီးလောင်နေတဲ့ ကားပေါ်က ယာဉ်မောင်းကို ခက်ခက်ခဲခဲ ကြိုးစားခဲ့ ဆွဲထုတ်နိုင်ခဲ့ပြီး စက္ကန့်ပိုင်းအကြာမှာတင် ကားဟာပေါက်ကွဲခဲ့ပါတယ်။ ကယ်တင်နိုင်ခဲ့တဲ့ ယာဉ်မောင်းကို မော်ရစ်တောင်းဆေးရုံ တင်ပို့ထားပြီး သူဟာ အသေးစားဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။  ကားမီးလောင်မှုဖြစ်စေတဲ့ ယာဉ်မတော်တဆမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
2 years Ago
Up