close

နယူးဒေလီမြို့

close

March 8, 2022

နယူး​ဒေလီမြို့တွင် CDF ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မတ်လ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ CDF ဖလား ဘောလုံးပြိုင်ပွဲကျင်းပနေတယ်လို့ ဘော်လုံးပွဲ ဖြစ်မြောက်ရေးကော်မတီကနေ သိရပါတယ်။

နယူးဒေလီမြို့ Hastal ဘောလုံးကွင်းမှာ မြန်မာ့ဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ CDF တပ်ဖွဲ့အတွက် ရန်ပုံငွေရရှိအောင် ဘောလုံးပြိုင်ပွဲ ကျင်းပနေတာလို့ ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဆလိုင်းတင်မောင်ဦးက ပြောပါတယ်။

အဲဒီဘောလုံးပွဲကို စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ CDF-CUP လို့ အမည်ပေးထားပြီး အသင်း ၁၄ သင်း ယှဥ်ပြိုင်ကစားနေကြတာလို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ ပြည်ပကနေ ကိုယ်တိုင်ပါဝင်ကူညီနိုင်တာမရှိသေးလို့ တတ်နိုင်တဲ့ဘက်ကနေ ရန်ပုံငွေရရှိအောင် ကူညီမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ CDF ဖလားဘောလုံးပြိုင်ပွဲကျင်းပဖို့ စီစဥ်ဖြစ်တာ” လို့ ဆလိုင်းတင်မောင်ဦးက ပြောပါတယ်။

CDF-CUP ဘောလုံးပြိုင်ပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေတွေကို Chinland Joint Defense Committee(CJDC) ကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

8 mins Ago

February 27, 2020

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နယူးဒေလီမြို့ရှိ မြန်မာသံရုံးမိသားစုများနှင့်တွေ့ဆုံ 

အိန္ဒိယနိုင်ငံမှာ တရားဝင် ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ မနေ့ညက နယူးဒေလီမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်ပြီး မြန်မာသံရုံးနဲ့ စစ်သံရုံးတို့မှ သံရုံးဝန်ထမ်းတွေ ဝန်ထမ်းမိသားစုတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့  ဦးဆောင်တဲ့ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်ရဲ့ ဖိတ်ကြားချက်အရ  အိန္ဒိယနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးအဖြစ် ဖေဖော်ဝါရီ ၂၆ ရက်ကနေ ၂၉ ရက်အထိ သွားရောက်နေတာဖြစ်ပါတယ်။ သမ္မတ ဦးဝင်းမြင့်နဲ့ဇနီး ဒေါ်ချိုချိုတို့ဟာ နယူးဒေလီမြို့ရှိ  Akshardham ဟိန္ဒူဘုရားကျောင်း သို့သွားရောက်ပြီး ဟိန္ဒူဘုရားကျောင်း အတွင်း လှည့်လည်ကြည့်ရှုခဲ့ တယ်လို့လည်း သိရပါတယ်။ ဓာတ်ပုံ-MOI
2 years Ago
Up