close

နယူး​ဒေလီမြို့တွင် CDF ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မတ်လ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ CDF ဖလား ဘောလုံးပြိုင်ပွဲကျင်းပနေတယ်လို့ ဘော်လုံးပွဲ ဖြစ်မြောက်ရေးကော်မတီကနေ သိရပါတယ်။

နယူးဒေလီမြို့ Hastal ဘောလုံးကွင်းမှာ မြန်မာ့ဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ CDF တပ်ဖွဲ့အတွက် ရန်ပုံငွေရရှိအောင် ဘောလုံးပြိုင်ပွဲ ကျင်းပနေတာလို့ ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဆလိုင်းတင်မောင်ဦးက ပြောပါတယ်။

အဲဒီဘောလုံးပွဲကို စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ CDF-CUP လို့ အမည်ပေးထားပြီး အသင်း ၁၄ သင်း ယှဥ်ပြိုင်ကစားနေကြတာလို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ ပြည်ပကနေ ကိုယ်တိုင်ပါဝင်ကူညီနိုင်တာမရှိသေးလို့ တတ်နိုင်တဲ့ဘက်ကနေ ရန်ပုံငွေရရှိအောင် ကူညီမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ CDF ဖလားဘောလုံးပြိုင်ပွဲကျင်းပဖို့ စီစဥ်ဖြစ်တာ” လို့ ဆလိုင်းတင်မောင်ဦးက ပြောပါတယ်။

CDF-CUP ဘောလုံးပြိုင်ပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေတွေကို Chinland Joint Defense Committee(CJDC) ကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up