ကမ္ဘာလုံးဆိုင်ရ မြန်မာ့နွေဦးတော်လှန်ရေး Second Wave ဒုတိယလှိုင်းအနေနဲ့ မြန်မာပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေမှာပါ တပြိုင်နက် ပြန်လည်အသက်သွင်း ဆန္ဒထုတ်ဖော်ပွဲတွေကို မေလ ၇ ရက်နဲ့ ၈ ရက်တွေမှာ သတ်မှတ်လှုပ်ရှားကြပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့လယ်က အထင်ကရနေရာတခုဖြစ်တဲ့ Time Square မှာလည်း မေ ၇ ရက်က မြန်မာပြည်ဖွားတိုင်းရင်းသားတွေ စုစည်းပြီး NYCBC (New York City Burmese Community) အစီအစဉ်နဲ့ မိုးတွေသည်းနေတဲ့ကြားက လူအင်အား ၂၀၀ လောက်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားခဲ့ပါတယ်။
ပြည်သူ့ဆန္ဒနဲ့ ပြည်သူသာအဓိက၊ အာဏာရှင်စနစ်ဟာ မြန်မာပြည်နဲ့ကမ္ဘာပေါ်မှာ လုံးဝ၊ လုံးဝ မရှိစေရ၊ တတိုင်းပြည်လုံးတွန်းလှန်နေတာ၊ ဒီတကြိမ်ဟာငါတို့အောင်ပွဲစတဲ့ သံန္နိဋ္ဌာန်ခံယူချက်တွေကို ကျယ်ကျယ်လောင်လောင်အတူတကွကြွေးကြော်ခဲ့ကြပြီး စစ်အာဏာရှင်ကို အဆုံးထိတိုက်ဖို့ ထပ်မံဆန္ဒပြုခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့ လောင်းအိုင်လန်အရပ်မှာရှိတဲ့ စီးပွားရေး ရပ်ကွက်ထဲကို လောင်စာဆီတင် ယာဉ်တစီး မောင်းဝင် တိုက်မိခဲ့လို့ ဖေဖော်ဝါရီ ၁၅ ရက်က အကြီးအကျယ် ပေါက်ကွဲမီးလောင် ခဲ့ပါတယ်။
လောင်စာတင်ယာဉ်ဟာ မတိုက်မိခင်က ဓာတ်ဆီ ခန့်မှန်းခြေ ဂါလံ ၁၃၀၀၀ လောက် တင်လာခဲ့တယ်လို့ အေဘီစီ သတင်းဌာနက ဖော်ပြပါတယ်။
ကားမောင်းသူက ကားပေါ်ကနေ ထွက်ပြေးနိုင်ခဲ့ကာ အသေးစား ဒဏ်ရာတွေအတွက် ကုသခံ နေရတယ်လို့လည်း ဆိုပါတယ်။ မီးသတ်သမား သုံးယောက်ကိုလည်း ဒေသခံဆေးရုံမှာ ဆေးကုသ ပေးခဲ့ရပါတယ်။
ပေါက်ကွဲမီးလောင်ခဲ့တဲ့ နေရာဟာ ယာဉ်အသွားအလာများတဲ့ အဓိကလမ်းမကြီး ဖြစ်ရာ ဆန်းရိုက်စ် အဝေးပြေးလမ်းပိုင်းနဲ့ နီးတဲ့နေရာမှာလို့လည်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။