close

မြန်မာ့နွေဦးတော်လှန်ရေး ဒုတိယလှိုင်းအဖြစ် နယူးယောက်မြို့တွင် ဆန္ဒပြ (ဓာတ်ပုံ)

ကမ္ဘာလုံးဆိုင်ရ မြန်မာ့နွေဦးတော်လှန်ရေး Second Wave ဒုတိယလှိုင်းအနေနဲ့  မြန်မာပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေမှာပါ တပြိုင်နက် ပြန်လည်အသက်သွင်း ဆန္ဒထုတ်ဖော်ပွဲတွေကို မေလ ၇ ရက်နဲ့ ၈ ရက်တွေမှာ  သတ်မှတ်လှုပ်ရှားကြပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့လယ်က အထင်ကရနေရာတခုဖြစ်တဲ့ Time Square မှာလည်း မေ ၇ ရက်က မြန်မာပြည်ဖွားတိုင်းရင်းသားတွေ စုစည်းပြီး NYCBC (New York City Burmese Community) အစီအစဉ်နဲ့ မိုးတွေသည်းနေတဲ့ကြားက လူအင်အား ၂၀၀ လောက်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားခဲ့ပါတယ်။

ပြည်သူ့ဆန္ဒနဲ့ ပြည်သူသာအဓိက၊ အာဏာရှင်စနစ်ဟာ မြန်မာပြည်နဲ့ကမ္ဘာပေါ်မှာ လုံးဝ၊ လုံးဝ မရှိစေရ၊ တတိုင်းပြည်လုံးတွန်းလှန်နေတာ၊ ဒီတကြိမ်ဟာငါတို့အောင်ပွဲစတဲ့ သံန္နိဋ္ဌာန်ခံယူချက်တွေကို ကျယ်ကျယ်လောင်လောင်အတူတကွကြွေးကြော်ခဲ့ကြပြီး စစ်အာဏာရှင်ကို အဆုံးထိတိုက်ဖို့  ထပ်မံဆန္ဒပြုခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up