close

နာဆာ

close

April 4, 2023

လကမ္ဘာကို လှည့်ပတ်ပျံသန်းမည့် ခရီးစဉ်တွင် ပထမဆုံး အမျိုးသမီးနှင့် လူမည်း အာကာသယာဉ်မှူးတို့ ပါဝင်

နာဆာဟာ အနှစ် ၅၀ ကျော်အတွင်း သူရဲ့ ပထမဆုံး လူသားမစ်ရှင်အတွက် လကမ္ဘာကို သွားရောက်ဖို့ ဧပြီ ၃ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပြီး ပထမဆုံး အမျိုးသမီးတဦးနဲ့ လူမည်းအမျိုးသားတဦးတို့ ပါဝင်ခဲ့ပါတယ်။

နာဆာက အာကာသယာဉ်မှူးတယောက်ဖြစ်တဲ့ ခရစ်စတီးနားကို့ခ်ျဟာ အာကာသပျံသန်းမှု ခရီးစဉ်တခုမှာ အရှည်ကြာဆုံး ပျံသန်းမှုမှတ်တမ်းကို ရရှိထားသူဖြစ်ပြီး လာမယ့်နှစ် လကမ္ဘာကို အာတီမစ် တူး ပျံသန်းမှုမှာ မစ်ရှင်ပါရဂူအနေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။

နာဆာရဲ့ ရေတပ်လေယာဉ်မှူး ဗစ်တာဂလိုဗာ ကတော့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ လကို လှည့်ပတ်ပျံသန်းမယ့် အိုရီယွန် အာကာသယာဉ်ကို မောင်းနှင်မှာဖြစ်ပြီး လကမ္ဘာမစ်ရှင်မှာ ပထမဆုံးပါဝင်မယ့် လူမည်းအမျိုးသားတဦး ဖြစ်ပါတယ်။

ကျန်အဖွဲ့သားတွေကတော့ အသက် ၄၇ နှစ်အရွယ် နာဆာ အာကာသယာဉ်မှူး ရိဒ် ဝစ်မန်းနဲ့ Canadian Space Agency က အသက် ၄၇ နှစ်အရွယ် တိုက်လေယာဉ်မှူးဟောင်း ဂျီရမီ ဟန်ဆန် တို့ဖြစ်ပြီး အမေရိကန်သုံးယောက်နဲ့ ကနေဒါနိုင်ငံသား တယောက်တို့ အနေနဲ့ ပထမဆုံး ဖြစ်လာပါတယ်။

အာတီမစ် တူး ပျံသန်းမှုဟာ ရာစုနှစ်ဝက်အတွင်း ပထမဆုံးအကြိမ် လူသားတွေ လပေါ်ကို ပြန်လည်ရောက်ရှိခြင်းရဲ့ ရှေ့ပြေးခရီးဖြစ်ပြီး အင်္ဂါဂြိုဟ်ကိုသွားရောက်ဖို့ အပြီးသတ် ခရီးစဉ်လည်း ဖြစ်ပါတယ်။

အပြာရောင် လေယာဉ်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အာကာသယာဉ်မှူးလေးဦးကို ဟော်စတွန်ရှိ Johnson Space Centre မှာ နာဆာအာကာသယာဉ်မှူး ဘီလ် နယ်ဆန်က မိတ်ဆက်ပေးခဲ့ပြီး “ကမ္ဘာ့အကြီးဆုံး အားအပြင်းဆုံး ဒုံးပျံဟာ သူတို့ကို ကောင်းကင်ဘုံ အထက်ကို ပို့ပေးလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

ကနေဒါနိုင်ငံရဲ့ ဆန်းသစ်တီထွင်မှု သိပ္ပံနဲ့ စွမ်းအင်ဝန်ကြီး ဖရန်စစ်စကိုဖိလစ်ချမ်ပဂ်နီက အဆိုပါပွဲကို တက်ရောက်ခဲ့ပြီး အကာသယာဉ်အမှုထမ်းထဲမှာ ကနေဒါနိုင်ငံသား တစ်ယောက်ရှိနေတာထက် ပိုပြီး ဂုဏ်ယူစရာ မရှိပါဘူးလို့ ဆိုပါတယ်။

အာတီမစ် ပရိုဂရမ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ နာဆာဟာ အပိုလို မစ်ရှင်အပြီး ဆယ်စုနှစ်ငါးခုကြာ ၂၀၂၅ခုနှစ်မှာ လပေါ်ကို အာကာသယာဉ်မှူးတွေစေလွှတ်ဖို့စီစဉ်ထားပါတယ်။

13 hours Ago

March 16, 2023

လပေါ်သွားရောက်မည့် အာကာသယာဉ်မှူးများအတွက် ဝတ်စုံ နာဆာ ပြသ

အမေရိကန်အာကာသအေဂျင်စီ နာဆာက လာမယ့် ၂၀၂၅ ခုနှစ်အတွင်း လပေါ်ကို သွားရောက်မယ့် နောက်ထပ် မစ်ရှင်တခုမှာ အာကာသယာဉ်မှူးတွေ ဝတ်ဆင်မယ့် ဝတ်စုံရှေ့ပြေးပုံစံကို မတ်လ ၁၅ ရက်မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

တက္ကဆက်ပြည်နယ်ရှိ ဟူစတန်အာကာသစင်တာမှာ ကျင်းပတဲ့ အခမ်းအနားတခုအတွင်း ဒီအာကာသဝတ်စုံမှာ ပါဝင်မယ့် မီးအလင်းတန်းတွေ အပါအဝင် ရုပ်ထွက် ကြည်လင်ပြတ်သားတဲ့ ကင်မရာတွေနဲ့အတူ ရွေ့လျားနိုင်စွမ်း မြှင့်တင်ထားတာတွေကို သရုပ်ဖော် ပြသခဲ့ပါတယ်။

နာဆာရဲ့ နှစ်ပေါင်းများစွာ ကြာမြင့်မယ့် သုတေသနနဲ့ ကျွမ်းကျင်မှုဆိုင်ရာ အားတမစ်စ်-သရီး မစ်ရှင်အတွက် အာကာသဝတ်စုံတွေကို ဖန်တီးထုတ်လုပ်ဖို့ အက်ဆီယမ် စပေ့စ် ကုမ္ပဏီက ရွေးချယ်ခံထားရကြောင်း နာဆာအရ သိရပါတယ်။

အားတမစ်စ် အမည်ရ စမ်းသပ်မှုဆိုင်ရာ မစ်ရှင် ၂ ခုအပြီးမှာ အမျိုးသမီးတဦး ပထမဆုံး ပါဝင်လာမယ့် အားတမစ်စ်-သရီး မစ်ရှင်အတွင်း လပေါ်ကိုအခြေချနိုင်ဖို့ မျှော်မှန်းထားကြပါတယ်။

3 weeks Ago
Up