အာဆင်နယ်အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်ကနေ နာဘရီကို ပြန်လည်ခေါ်ယူဖို့ အသင်းပရိသတ်တွေက တောင်းဆိုပါတယ်။
အာဆင်နယ်ဟာ လိဒ်ယူနိုက်တက် တောင်ပံတိုက်စစ်မှူး ရာဖင်ညာကို ခေါ်ယူနိုင်ရေး ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့တာကြောင့် နာဘရီကို ပြောင်းလဲခေါ်ယူဖို့ ပရိသတ်တွေက ဆန္ဒရှိနေကြတာပါ။
နာဘရီဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ အာဆင်နယ်အတွက် ၁၈ ပွဲကစားခဲ့ပြီး ၁ ဂိုး သွင်းယူခဲ့ပါတယ်။
အာဆင်နယ်ပရိသတ်တဦးကတော့ ရာဖင်ညာကို ခေါ်ယူရေးမှာ အရေးနိမ့်ခဲ့ရပေမဲ့ ပြဿနာမရှိကြောင်း၊ နာဘရီက ပိုကောင်းတဲ့ရွေးချယ်မှုဖြစ်လို့ အသင်းဆီကို ပြန်လည်ခေါ်ယူပေးဖို့ တိုက်တွန်းခဲ့ကြတာပါ။
“ရာဖင်ညာထက် နာဘရီကို ပိုကြိုက်ပါတယ်။ အထူးသဖြင့် လိဒ်နဲ့ဆွေးနွေးခဲ့တဲ့ ပြောင်းရွှေ့ကြေးလောက်လည်း ပေးစရာမလိုအပ်ဘူး” လို့လည်း အာဆင်နယ်ပရိသတ်တဦးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ဂျာမနီလက်ရွေးစင် နာဘရီဟာ ဘိုင်ယန်ဘက်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကို ပယ်ချထားလို့ အသင်းပြောင်းရွှေ့ဖို့ ရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီလက်ရွေးစင်တောင်ပံကစားသမား နာဘရီကို လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားနေကြောင်း စပိန်မီဒီယာတွေက ဖော်ပြကြပါတယ်။
ရီးရဲလ်အသင်းဟာ အသင်းမှထွက်ခွာဖွယ်ရှိနေတဲ့ ဘေးလ်၊ ဟာဇက်၊ အစ္စကိုအစရှိတဲ့ တောင်ပံ တိုက်စစ်ကစားသမားတွေရဲ့နေရာမှာ အစားထိုးဖို့ အသက် ၂၆ နှစ်အရွယ်ရှိ နာဘရီကို စောင့်ကြည့်နေတာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းနဲ့ နာဘရီတို့ရဲ့ လက်ရှိစာချုပ်ကတော့ ၂၀၂၃ နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။