close

ဘိုင်ယန်မြူးနစ်ကစားသမား နာဘရီကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ်အသင်းစိတ်ဝင်စားနေ

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီလက်ရွေးစင်တောင်ပံကစားသမား နာဘရီကို လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားနေကြောင်း စပိန်မီဒီယာတွေက ဖော်ပြကြပါတယ်။

ရီးရဲလ်အသင်းဟာ  အသင်းမှထွက်ခွာဖွယ်ရှိနေတဲ့ ဘေးလ်၊ ဟာဇက်၊ အစ္စကိုအစရှိတဲ့ တောင်ပံ တိုက်စစ်ကစားသမားတွေရဲ့နေရာမှာ  အစားထိုးဖို့ အသက် ၂၆ နှစ်အရွယ်ရှိ နာဘရီကို စောင့်ကြည့်နေတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့ နာဘရီတို့ရဲ့ လက်ရှိစာချုပ်ကတော့  ၂၀၂၃ နွေရာသီမှာ  ကုန်ဆုံးမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up