close

နိုင်ငံခြားသားနည်းပြ

close

March 8, 2022

ရုရှားလိဂ်က နိုင်ငံခြားသားနည်းပြနှင့်ကစားသမားများ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာနိုင်ဟု ဖီဖာ ထုတ်ပြန်

ရုရှားဘောလုံးလိဂ်ကလပ်အသင်းတွေက နိုင်ငံခြားသားနည်းပြတွေနဲ့ ကစားသမားတွေအနေနဲ့ စာချုပ် ဖျက်သိမ်းပြီး နိုင်ငံတွင်းကနေ ထွက်ခွာနိုင်ကြောင်း ဖီဖာကထုတ်ပြန်ပါတယ်။ 

ဖီဖာဟာ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ရုရှားလက်ရွေးစင်အသင်းတွေနဲ့ ကလပ်တွေကို နိုင်ငံတကာပြိုင်ပွဲ အသီးသီးကနေ ထုတ်ပယ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်နဲ့ ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။ 

ယူကရိန်းနိုင်ငံမှာ အင်အားသုံးပြီး ထိုးစစ်ဆင်နေတဲ့ရု ရှားရဲ့ လုပ်ဆောင်မှုအပေါ် ထပ်မံရှုတ်ချတယ်လို့လည်း ဖီဖာရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

“နိုင်ငံခြားသားနည်းပြတွေနဲ့ ကစားသမားတွေဟာ ကလပ်တွေနဲ့ အလုပ်သမားစာချုပ်တွေကို ရာသီကုန်ဆုံးချိန်အထိ ဖျက်သိမ်းပိုင်ခွင့်ရှိတယ်။ ဒါကြောင့် တခြားနိုင်ငံက ကလပ်အသင်းတွေနဲ့ ဘာပြဿနာမှမရှိဘဲ စာချုပ် ချုပ်ဆိုနိုင်ပါတယ်” လို့ ဖီဖာက ထုတ်ပြန်ပါတယ်။ 

ကစားသမားအများအစည်းအရုံးကတော့ ဖီဖာရဲ့ ထုတ်ပြန်ချက်ဟာ အထောက်အကူဖြစ်စေပေမယ့် စာချုပ်ဖျက်သိမ်းဖို့က လွယ်ပေမယ့် နိုင်ငံတွင်းကနေ ထွက်ခွာနိုင်ဖို့အတွက်တော့ ထိတ်လန့်စရာအခြေအနေဖြစ်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ 

ရုရှားဘောလုံးအဖွဲ့အချုပ်ကတော့ လက်ရွေးစင်အသင်းတွေနဲ့ ကလပ်တွေကို ပြိုင်ပွဲအသီးသီးကနေ ထုတ်ပယ်ခဲ့တဲ့အပေါ် မကျေနပ်တာကြောင့် အားကစားဆိုင်ရာ ခုံရုံးကို အယူခံတင်သွင်းထားပါတယ်။

2 mins Ago

August 15, 2020

အင်္ဂလန်အမျိုးသမီးအသင်း သမိုင်းတလျှောက် နိုင်ငံခြားသားနည်းပြ ပထမဆုံးခန့်အပ်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ အမျိုးသမီးလက်ရွေးစင်အသင်းအတွက် သမိုင်းတလျှောက် ပထမဆုံး နိုင်ငံခြားသားနည်းပြအဖြစ် ဟော်လန်နည်းပြ ဝိချ်မန်းကို ခန့်အပ်လိုက်ပါတယ်။ လက်ရှိ ဟော်လန်အမျိုးသမီးအသင်းနည်းပြ ဆရီနာဝိချ်မန်းကို ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး အင်္ဂလန်နည်းပြ ဖီးလ်နဗီးလ် စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အစားထိုး တာဝန်ယူသွားရမှာပါ။ မန်ယူနောက်ခံလူဟောင်း ဖီလ်နဗီးလ်ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အဲဒီအချိန်မှာ ဝိချ်မန်းက စတင်တာဝန်ယူမှာပါ။  အသက် ၅၀ နှစ်ရှိ ဟော်လန်နည်းပြ ဝိချ်မန်းဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၁၇ ယူရိုပြိုင်ပွဲမှာ ဟော်လန်အသင်းကို ချန်ပီယံဖြစ်အောင် ဦးဆောင်နိုင်ခဲ့ပြီး ပြင်သစ် ကမ္ဘာ့ဖလားမှာလည်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။  ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အမျိုးသမီးဘောလုံးလောကရဲ့ ဖွံ့ဖြိုးတိုးတက်မှု အများဆုံးရှိရာ အင်္ဂလန်အသင်းကို ကိုင်တွယ်ခွင့်ရလို့ ဂုဏ်ယူကြောင်း ဝိချ်မန်းက ပြောပါတယ်။  သူဟာ ဟော်လန်အသင်းနဲ့အတူ အိုလံပစ်ပွဲအတွက် ဆက်လက်တာဝန်ယူရမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလရောက်မှ အင်္ဂလန်အသင်းကို စတင်တာဝန်ယူမှာ ဖြစ်ပါတယ်။
2 years Ago
Up