close

နိုင်ငံရေးခိုလှုံခွင့်

close

December 22, 2022

ပီရူးသမ္မတဟောင်း၏ မိသားစု မက္ကဆီကိုတွင် နိုင်ငံရေးခိုလှုံခွင့်ရ

ပီရူးနိုင်ငံက ဖြုတ်ချ ဖမ်းဆီးခံနေရတဲ့ သမ္မတဟောင်း ပီဒရို ကတ်စတီလိုရဲ့ ဇနီးနဲ့မိသားစုဟာ ဒီဇင်ဘာ ၂၁ ရက်က မက္ကဆီကိုနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံ အမျိုးသားရွှေ့ပြောင်းနေထိုင်ရေးဌာနအကြီးအကဲ ဖရန်စစ္စကို ဂါဒူနိုဟာ ကတ်စတီလိုရဲ့ဇနီး လီလီယာ ပါရာဒက်စ်၊ သားနဲ့ သမီးတို့ကို ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ စာရွက်စာတမ်းတွေ လွှဲပြောင်းပေးနေတဲ့ ဗီဒီယိုကို တွေ့ရပါတယ်။

အစောပိုင်းက မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ မာတင် ဘော်ရီဂိုဟာ နိုင်ငံရေးခိုလှုံခွင့်ရရှိမယ့် ကတ်စတီလိုရဲ့ မိသားစုကို မက္ကဆီကိုနိုင်ငံက ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါတယ်။

ပီရူးပြည်တွင်းရေးမှာ မက္ကဆီကိုနိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် မက္ကဆီကိုသံအမတ်ကို နှင်ထုတ်လိုက်ကြောင်း လီမာအစိုးရက ကြေညာလိုက်ပြီး နောက်တရက်အကြာမှာ မက္ကဆီကိုသမ္မတကလည်း ပီရူးနဲ့ သံတမန်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

2 mins Ago

October 5, 2020

နိုင်ငံရေးခိုလှုံခွင့် ဥပ‌ဒေသစ် ပြန်ဋ္ဌာန်းရန် ဗြိတိန်ပြင်ဆင်

ဆယ်စုနှစ်အတွင်း အကြီးဆုံးပြုပြင်ပြောင်းလဲမှုအနေနဲ့ နိုင်ငံရေးခိုလှုံခွင့်စနစ်ကို ပိုတင်း ကြပ်မယ့် ဥပဒေသစ်ကို မိတ်ဆက်ဖို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီး ပရီးတီးပတေးလ်က အောက်တိုဘာ ၄ ရက်မှာ ကတိပြုလိုက်ပါတယ်။ “ကျမတို့ရဲ့ခိုလှုံခွင့်စနစ်က အခြေခံကျကျ ကျိုးပျက်နေပြီ” လို့ လက်ရှိ အာဏာရ ကွန်ဆာဗေးတစ်ပါတီရဲ့ အွန်လိုင်းညီလာခံ မိန့်ခွန်းအတွင်း သူက ပြောပါတယ်။  “ခိုင်မာမျှတတဲ့ စနစ်ကို မိတ်ဆက်မယ်။ လာမယ့်နှစ်မှာ ကတိကို တည်နိုင်ဖို့ ဥပဒေပြုရေး တွန်းအားပေး ဆက်လုပ်သွားမယ်”  လို့လည်း ဝန်ကြီးက ကတိပြုခဲ့ပါတယ်။   
2 years Ago
Up