close

ပီရူးသမ္မတဟောင်း၏ မိသားစု မက္ကဆီကိုတွင် နိုင်ငံရေးခိုလှုံခွင့်ရ

ပီရူးနိုင်ငံက ဖြုတ်ချ ဖမ်းဆီးခံနေရတဲ့ သမ္မတဟောင်း ပီဒရို ကတ်စတီလိုရဲ့ ဇနီးနဲ့မိသားစုဟာ ဒီဇင်ဘာ ၂၁ ရက်က မက္ကဆီကိုနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံ အမျိုးသားရွှေ့ပြောင်းနေထိုင်ရေးဌာနအကြီးအကဲ ဖရန်စစ္စကို ဂါဒူနိုဟာ ကတ်စတီလိုရဲ့ဇနီး လီလီယာ ပါရာဒက်စ်၊ သားနဲ့ သမီးတို့ကို ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ စာရွက်စာတမ်းတွေ လွှဲပြောင်းပေးနေတဲ့ ဗီဒီယိုကို တွေ့ရပါတယ်။

အစောပိုင်းက မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ မာတင် ဘော်ရီဂိုဟာ နိုင်ငံရေးခိုလှုံခွင့်ရရှိမယ့် ကတ်စတီလိုရဲ့ မိသားစုကို မက္ကဆီကိုနိုင်ငံက ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါတယ်။

ပီရူးပြည်တွင်းရေးမှာ မက္ကဆီကိုနိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် မက္ကဆီကိုသံအမတ်ကို နှင်ထုတ်လိုက်ကြောင်း လီမာအစိုးရက ကြေညာလိုက်ပြီး နောက်တရက်အကြာမှာ မက္ကဆီကိုသမ္မတကလည်း ပီရူးနဲ့ သံတမန်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up