ယူကရိန်းစစ်ပွဲနှင့် ရုရှားတရားဥပဒေစိုးမိုးရေးအေဂျင်စီတွေရဲ့ မတရားဖမ်းဆီး၊ နှောင့်ယှက်ခြင်း အန္တရာယ်တို့ကြောင့် အမေရိကန် နိုင်ငံသားတွေ ရုရှားနိုင်ငံကနေ ချက်ချင်းထွက်ခွာဖို့ အမေရိကန် အစိုးရက အမိန့်ပေးထားပါတယ်။
ရုရှားမှာ နေထိုင်၊ ခရီးသွားလာနေတဲ့ အမေရိကန် နိုင်ငံသားတွေအနေနဲ့ ချက်ချင်း ထွက်ခွာသင့် ပါတယ်လို့ ရုရှမြို့တော် မော်စကိုမြို့က အမေရိကန်သံရုံးက သူ့သံရုံးဝက်ဘ်ဆိုက်မှာ ဖေဖော်ဝါရီ ၁၂ ရက်က ပို့စ်တစ်ခုမှာ ပြောထားပါတယ်။
"တရားမ၀င် ဖမ်းဆီးခြင်းခံရနိုင်ခြေကြောင့် သတိထား တိုးမြှင့်ဆောင်ရွက်ပါ။"
ရုရှားနိုင်ငံကို ခရီးမသွားပါနဲ့လို့ သံရုံးက ပြောပါတယ်။ အမေရိကန်အစိုးရဟာ သူ့နိုင်ငံသားတွေကို ရုရှားနိုင်ငံကနေ ထွက်သွားဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပြီးပါပြီ။
ရုရှားသမ္မတ ဗလာဒီမာပူတင်က တစိတ်တပိုင်း စည်းရုံးရေးဆင်းဖို့ အမိန့်ပေးပြီးတဲ့နောက် နောက်ဆုံး လူထု သတိပေးချက်ကို စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။
"ရုရှားလုံခြုံရေးဌာနတွေဟာ အမေရိကန် နိုင်ငံသားတွေကို မလိုလားအပ်တဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ပြီး ရုရှားမှာရှိတဲ့ အမေရိကန် နိုင်ငံသားတွေကို ရွေးချယ် ဖမ်းဆီး၊ နှိပ်စက်တာ၊ ခွဲခြားသတ်မှတ်တာ၊ မျှတပြီး ပွင့်လင်းမြင်သာစွာ ပြုမူဆက်ဆံခြင်းကို ငြင်းပယ်ပြီး လျှို့ဝှက်စမ်းသပ်ချက်တွေ လုပ်တာ ဒါမှမဟုတ် ခိုင်လုံတဲ့ အထောက်အထားတွေ မပြဘဲ ပြစ်ဒဏ်ချမှတ်တာတွေ လုပ်ခဲ့တယ်”လို့ သံရုံးက ပြောခဲ့ပါတယ်။
"ရုရှား အာဏာပိုင်တွေဟာ အမေရိကန် နိုင်ငံသား ဘာသာရေး လုပ်သားတွေအပေါ် ဒေသဆိုင်ရာ ဥပဒေတွေကို နိုင်ထက် စီးနင်း ပြဋ္ဌာန်းထားပြီး ဘာသာရေး လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ အမေရိကန် နိုင်ငံသားတွေအပေါ် သံသယဖြစ်ဖွယ် ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးဖို့ အမှုတွေ ဖွင့်ထားတယ်”လို့လည်း ပြောပါတယ်။
သူလျှိုလုပ်တယ်လို့ သံသယရှိတဲ့ အမေရိကန် နိုင်ငံသားတဦးကို ရုရှားက ရာဇ၀တ်မှုနဲ့ အမှုဖွင့်ခဲ့တယ်လို့ ပြည်ထောင်စုလုံခြုံရေးဌာန (FSB) က ဇန်နဝါရီလထဲမှာ ပြောကြားခဲ့ပါတယ်။
လိုင်ဘေးရီးယားနိုင်ငံမှာ စီးပွားရေးအခက်အခဲနဲ့ သမ္မတဖြစ်သူ ဂျော့ဝီယာရဲ့ ကာလရှည်ကြာ နိုင်ငံတွင်းမှာ ရှိမနေတဲ့အပေါ် မကျေနပ်လို့ မြို့တော်ရဲ့ ဆင်ခြေဖုံးတနေရာမှာ ဒီဇင်ဘာ ၁၇ ရက်က လူ ၁၀၀၀ ကျော် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဝီယာရဲ့ ၅ နှစ်တာ သမ္မတသက်တမ်းအတွင်း ကြီးမားတဲ့ဆန္ဒပြပွဲတွေ တစ်ခါ တစ်ရံသာ ပေါ်ပေါက်လာလေ့ ရှိတာပါ။
ဒါပေမဲ့ လိုင်ဘေးရီးယားပြည်သူတွေဟာ ကိုဗစ်-၁၉ကပ်ဘေးနဲ့ ယူကရိန်းစစ်ပွဲတွေကြောင့် အစားအစာနဲ့ လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အတူ စီးပွားရေး ကျပ်တည်းမှုနဲ့ လုံးပန်း နေရတာကြောင့် အစိုးရရဲ့ စီပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုအပေါ် ဒေါသထွက်လာကြတာပါ။
မြို့တော် မွန်ရိုဗီးယားရဲ့ ပိန်းစ်ဗီးလ်ဒေသမှာ စနေနေ့က လူထုစုဝေးပွဲကို လိုင်ဘေးရီးယားရဲ့ အကြီးဆုံး အတိုက်အခံ ပါတီလေးခု စုပေါင်းထားတဲ့ ညွှန့်ပေါင်းအဖွဲ့က စီစဉ်ခဲ့ပါတယ်။
ဒါပေမဲ့ သမားရိုးကျ မဟုတ်တဲ့ အမျိုးသား ကွန်ဂရက် (ANC) ပါတီကလွဲရင် ပါတီတွင်း အငြင်းပွားမှုကြောင့် နောက်ဆုံးမိနစ်မှာ အားလုံး နုတ်ထွက်ခဲ့ကြပါတယ်။
ANC ပါတီအလံအောက်ကနေ သမ္မတရာထူးအတွက် ဂျော့ဝီယာကို ယှဉ်ပြိုင်မယ့် အလက်ဇန်ဒါး ကမ်းမင်းရဲ့ မျက်နာပါတဲ့ အင်္ကျီတွေကို ဆန္ဒပြပြည်သူ အများစုက ဝတ်ဆင်ခဲ့ကြပါတယ်။
ဆန္ဒပြသူ တချို့ကတော့ "ငါတို့ခံစားနေရတာအတွက် ပင်ပန်းနေပြီ" ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ထားကြပါတယ်။
လက်ရှိ သမ္မတ ဝီယာဟာ သားဖြစ်သူ အမေရိကန်အသင်းအတွက်ကိုယ်စားပြုပြီး ကမ္ဘာ့ဖလားမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာကို ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ကာတာနိုင်ငံမှာ သွားရောက် ကြည့်ရှုခဲ့သလို အမေရိကန်- အာဖရိက ထိပ်သီးအစည်းအဝေးကိုလည်း ဝါရှင်တန်မြို့တော်မှာ တက်ရောက်နေ တာပါ။
ဒီဇင်ဘာ ၁၉ ရက်မှာတော့ လိုင်ဘေးရီးယားနိုင်ငံကို ပြန်ရောက်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။
အရင်ကသမ္မတတွေ ဖြစ်ကြတဲ့ အယ်လန်ဂျွန်ဆင် ဆာလိဖ်နဲ့ ချားလ်စ်တေလာတို့ရဲ့ အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသလို လူသိများ ထင်ရှားတဲ့ လိုင်ဘေးရီယား နိုင်ငံရေးသမား လူးဝစ်ဘရောင်းက ဒီဆန္ဒပြပွဲတွေကို အဓိက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။