close

နိုဗက်ဂျိုကိုဗစ်

close

June 26, 2022

ဝင်ဘယ်ဒန်ဖလားကို ၄ ကြိမ်မြောက်ရယူနိုင်ရန် နိုဗက်ဂျိုကိုဗစ် စိတ်အားထက်သန်နေ

လက်ရှိ ကမ္ဘာ့နံပါတ်တစ် တင်းနစ်ချန်ပီယံ နိုဗက် ဂျိုကိုဗစ်ဟာ စတုတ္ထမြောက် ဝင်ဘယ်ဒန် ဖလားကို ရယူဖို့ အလွန်စိတ်အားထက်သန်နေတယ်လို့ပြောပါတယ်။

ဝင်ဘယ်ဒန် ဖလားဟာ ဒီနှစ်ထဲမှာ သူ့အတွက် နောက်ဆုံး မျှော်လင့်နိုင်တဲ့ ဂရင်းဆလန်း ချန်ပီယံ ဖလားလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ 

ဆားဗီယား နိုင်ငံသားတင်းနစ် အကျော်အမော်ဟာ ကိုဗစ် -၁၉ ကာကွယ်ဆေး မထိုးထားတာကြောင့် သြစတြေးလျအိုးပင်းမှာ ဝင်ပြိုင်ခွင့်မရခဲ့ဘဲ၊ ယူအက်အိုးပင်းကလည်း ဝင်ပြိုင်ခွင့် ပေးမှာ မဟုတ်ပါဘူး။

ဒီလို အခြေအနေနဲ့ ကြုံနေရတဲ့  ဂျိုကိုဗစ်အတွက် ဂရင်းဆလန်းဖလားအများဆုံး စံချိန်တင်ဖို့ မျှော်လင့်ချက်ကို ထိခိုက်နေပါတယ်။

လက်ရှိ ဂရင်းဆလန်းဖလား အများဆုံး ရရှိထားတဲ့ ချန်ပီယံက ရာဖေး နာဒယ်လ်ဖြစ်ပြီး၊ ဖလား ၂၂ လုံးရရှိထားကာ ဂျိုကိုဗစ်က ဖလား အလုံး  ၂၀ ပဲ ရရှိထားတာပါ။

သြစတြေးလျ အိုးပင်က ဂျိုကိုဗစ်အတွက် စည်းကမ်းမလျော့ခဲ့သလို၊ ယူအက်စ်အိုးပင်းကလည်း ခြွင်းချက်မပေးခဲ့ရင် အင်္ဂလန်မှာကျင်းပမယ့် ဝင်ဘယ်ဒန်ပြိုင်ပွဲဟာ ဂျိုကိုဗစ်အတွက် နောက်နှစ် ပြင်သစ်အိုးပင်း မတိုင်ခင် နောက်ဆုံး ယှဉ်ပြိုင်ခွင့်ရမယ့် ဂရင်းဆလန်း ပြိုင်ပွဲ ဖြစ်လာပါလိမ့်မယ်။

2 mins Ago

October 8, 2020

ဂျိုကိုဗစ် ပြင်သစ်အိုးပင်း ဆီမီးဖိုင်နယ်တက်ရောက်

မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပြင်သစ်အိုးပင်းကွာတားဖိုင်နယ်မှာ ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမား  နိုဗက်ဂျိုကိုဗစ်က ကာရန်နိုဘက်စ်တာကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်သွားပါတယ်။   ပွဲချိန်အတွင်း ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဂျိုကိုဗစ်ဟာ ယူအက်စ်အိုးပင်းမှာ စပိန်သား ဘက်စ်တာကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရတာပါ။  ပထမပွဲမှာ ဘက်စ်တာက အနိုင်ရခဲ့ပေမယ့်လည်း နောက်ထပ် ၃ ပွဲဆက်တိုက် ဂျိုကိုဗစ်က အနိုင်ရခဲ့ပြီး ၄-၆ ၆-၂ ၆-၃ ၆-၄ နဲ့ ပွဲပြီးဆုံးခဲ့တာပါ။  ဂျိုကိုဗစ်အနေနဲ့ ပွဲချိန်အတွင်း ပုခုံးနဲ့ ကုတ်ပိုးမှာ ဒဏ်ရာအနည်းငယ်ရခဲ့ပြီး တိတ်ပတ်ပြီး ကစားခဲ့ရတာပါ။  အသက် ၃၃ နှစ်ရှိ ဆားဘီးယားသား ဂျိူကိုဗစ်အတွက် ပြင်သစ်အိုးပင်းမှာ ၁၀ ကြိမ်မြောက် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။  ဂျိုကိုဗစ်ဟာ ဆီမီးဖိုင်နယ်မှာ ဆီဒင်အဆင့် ၅ သတ်မှတ်ခံထားရတဲ့ ဂရိက စတီဖန်နော့စ်နဲ့ ယှဉ်ပြိုင်သွားရမှာပါ။  တခြားဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့  လက်ရှိ ချန်ပီယံ ရာဖေးလ်နာဒယ်လ်နဲ့ အာဂျင်တီးနားက ဒီယေဂိုရှဝက်ဇ်မန်းတို့ တွေ့ဆုံနေပါတယ်။ 
2 years Ago
Up