close

နီကာရာဂွါနိုင်ငံ

close

August 13, 2021

နီကာရာဂွါနိုင်ငံက တစ်ခုတည်းသောသတင်းစာ La Prensa ထုတ်ဝေမှု ရပ်

နီကာရာဂွါနိုင်ငံရဲ့ တစ်ခုတည်းသော ပုံနှိပ်သတင်းစာ La Prensa ကို ဆက်လက်ပုံနှိပ် ထုတ်ဝေဖြစ်တော့မှာမဟုတ်ကြောင်း သြဂုတ် ၁၂ ရက်မှာ သတင်းစာတိုက်က ပြောကြားလိုက်ပြီး သမ္မတဒန်နီရယ်အော်တေးဂါးရဲ့အစိုးရက ပုံနှိပ်ထုတ်ဝေရေးအတွက်သုံးတဲ့ စက္ကူကို မပေးပဲ ညစ်ထား တာလို့ ဆိုပါတယ်။ 

အတိုက်အခံတွေအတွက်အာဘော်တစ်ခုလို့ အစိုးရက ယူဆထားတဲ့ La Prensa သတင်းစာ ဟာ ၂၀၁၉ ခုနှစ်က နီကာရာဂွါအကောက်ခွန်အာဏာပိုင်တွေကနေ ပထမဦးဆုံး စက္ကူတွေကို ထုတ်မပေးတာ ကြုံခဲ့ရပြီးကတည်းက သူ့ရဲ့ထုတ်ဝေမှုနဲ့ အရွယ်အစားကိုပါ လျှော့ချထားခဲ့တာပါ။ 

အွန်လိုင်းသတင်းစာအဖြစ် ဆက်လက်ထုတ်ဝေသွားဖြစ်မယ့် သတင်းစာဟာ သမ္မတနဲ့ ဒုသမ္မတ တို့ကို စက္ကူတင်သွင်း/ထုတ်ယူမှုကို ဖြတ်တောက်မှုအတွက် အာဏာရှင်စနစ် လို့ ဝေဖန်ပြစ်တင်လိုက်ပါတယ်။ 

အော်တေးဂါးရဲ့ အစိုးရဟာ ပြည်တွင်းရှိအတိုက်အခံတွေနဲ့ ဝေဖန်ရေးမီဒီယာတွေကို ဖိနှိပ် နှိမ်နင်းမှုတွေ ကြောင့် နိုင်ငံတကာမှာ ပိုပြီး အထီးကျန် ဆန်လာပါတယ်။ 

အစိုးရတော့ နိုင်ငံရဲ့အကျိုးစီးပွားကို နိုင်ငံခြားစွက်ဖက်မှုများမှ ကာကွယ်ပေးနေတာလို့ တုံ့ပြန် ပြောပါတယ်။ 

La Prensa သတင်းစာရဲ့ သတင်းထောက်တွေဟာ အစိုးရရဲ့ တန်ပြန်တိုက်ခိုက် ကလဲ့စားချေမှာမျိုးကို ကြောက်နေခဲ့ပြီး သတင်းဖြစ်ရပ်တွေ ဖော်ပြတာကို  လပေါင်းများစွာ ရပ်ထားခဲ့ကြရပါတယ်။ 

7 mins Ago

November 4, 2020

အီတာဟာရီကိန်းမုန်တိုင်း နီကာရာဂွါနိုင်ငံကို ဝင်ရောက်တိုက်ခတ်

အားအပြင်းဆုံး မုန်တိုင်းတစ်ခုဖြစ်တဲ့ ဟာရီကိန်း အီတာဟာ နိုဝင်ဘာ ၃ ရက်က နီကာရာဂွါနိုင်ငံကို ဝင်ရောက်တိုက်ခတ်ပြီး နေအိမ်နဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးပြီး အသေအပျောက်များတဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်ဖွယ်ရှိပါတယ်။ သမ္မတ ဒန်နီယယ်အိုတေဂါကလည်း မုန်တိုင်းသင့် ဒေသအတော်များများမှာ အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ နီကာရာဂွါတောင်ပိုင်း ပွယ်တိုဂါဘီဇက်ဒေသကို ဟာရီကိန်း တိုက်ခတ်ပြီး အိမ်အမိုးတွေ လန်တာ၊ သစ်ပင်နဲ့ ဓာတ်တိုင်တွေ ပြိုလဲတာနဲ့ ရေကြီးတာတွေ ဖြစ်ခဲ့တယ်လို့ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲရေး အေဂျင်စီ အကြီးအကဲက ဆိုပါတယ်။  ဟာရီကိန်း အီတာဟာ ကမ်းခြေကို ဝင်ရာမှာ လေတိုက်နှုန်း ၁ နာရီ မိုင် ၁၄၀ ရှိပြီး မုန်တိုင်းဟာ ကုန်းတွင်းပိုင်းဝင်ချိန်မှာ အမြန်အားပျော့သွားမယ်လို့ အမေရိကန် ဟာရီကိန်း စင်တာ (NHC) က ထုတ်ပြန်ပါတယ်။  အီတာဟာ ၂၀၂၀ ဟာရီကိန်းရာသီမှာ  ဝင်ရောက်တဲ့ ၂၈ ကြိမ်မြောက် မုန်တိုင်း ဖြစ်တယ်လို့လည်း NHC က ထုတ်ပြန်ပါတယ်။
9 months Ago
Up