close

နီကာရာဂွါနိုင်ငံက တစ်ခုတည်းသောသတင်းစာ La Prensa ထုတ်ဝေမှု ရပ်

နီကာရာဂွါနိုင်ငံရဲ့ တစ်ခုတည်းသော ပုံနှိပ်သတင်းစာ La Prensa ကို ဆက်လက်ပုံနှိပ် ထုတ်ဝေဖြစ်တော့မှာမဟုတ်ကြောင်း သြဂုတ် ၁၂ ရက်မှာ သတင်းစာတိုက်က ပြောကြားလိုက်ပြီး သမ္မတဒန်နီရယ်အော်တေးဂါးရဲ့အစိုးရက ပုံနှိပ်ထုတ်ဝေရေးအတွက်သုံးတဲ့ စက္ကူကို မပေးပဲ ညစ်ထား တာလို့ ဆိုပါတယ်။ 

အတိုက်အခံတွေအတွက်အာဘော်တစ်ခုလို့ အစိုးရက ယူဆထားတဲ့ La Prensa သတင်းစာ ဟာ ၂၀၁၉ ခုနှစ်က နီကာရာဂွါအကောက်ခွန်အာဏာပိုင်တွေကနေ ပထမဦးဆုံး စက္ကူတွေကို ထုတ်မပေးတာ ကြုံခဲ့ရပြီးကတည်းက သူ့ရဲ့ထုတ်ဝေမှုနဲ့ အရွယ်အစားကိုပါ လျှော့ချထားခဲ့တာပါ။ 

အွန်လိုင်းသတင်းစာအဖြစ် ဆက်လက်ထုတ်ဝေသွားဖြစ်မယ့် သတင်းစာဟာ သမ္မတနဲ့ ဒုသမ္မတ တို့ကို စက္ကူတင်သွင်း/ထုတ်ယူမှုကို ဖြတ်တောက်မှုအတွက် အာဏာရှင်စနစ် လို့ ဝေဖန်ပြစ်တင်လိုက်ပါတယ်။ 

အော်တေးဂါးရဲ့ အစိုးရဟာ ပြည်တွင်းရှိအတိုက်အခံတွေနဲ့ ဝေဖန်ရေးမီဒီယာတွေကို ဖိနှိပ် နှိမ်နင်းမှုတွေ ကြောင့် နိုင်ငံတကာမှာ ပိုပြီး အထီးကျန် ဆန်လာပါတယ်။ 

အစိုးရတော့ နိုင်ငံရဲ့အကျိုးစီးပွားကို နိုင်ငံခြားစွက်ဖက်မှုများမှ ကာကွယ်ပေးနေတာလို့ တုံ့ပြန် ပြောပါတယ်။ 

La Prensa သတင်းစာရဲ့ သတင်းထောက်တွေဟာ အစိုးရရဲ့ တန်ပြန်တိုက်ခိုက် ကလဲ့စားချေမှာမျိုးကို ကြောက်နေခဲ့ပြီး သတင်းဖြစ်ရပ်တွေ ဖော်ပြတာကို  လပေါင်းများစွာ ရပ်ထားခဲ့ကြရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up