close

နူနက်ဇ်

close

August 18, 2022

ပါးနပ်မှုမရှိဘဲ ထုတ်ပယ်ခံခဲ့ရသည့်အပေါ် လီဗာပူးပရိသတ်ကို နူနက်ဇ် တောင်းပန်

ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာ ပါးနပ်မှုမရှိဘဲ အနီကတ်ပြခံရပြီး ထုတ်ပယ်ခံခဲ့ရတဲ့အပေါ် လီဗာပူးပရိသတ်တွေကို တိုက်စစ်မှူး ဒါဝင်နူနက်ဇ်က တောင်းပန်သွားပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ ပဲလေ့စ်နောက်ခံလူ အန်ဒါဆန်နဲ့ တွန်းထိုးရင်းကနေ စိတ်မထိန်းနိုင်ဘဲ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့လို့ အနီကတ်ပြသခံခဲ့ရတာပါ။

အဲဒီပွဲမှာ လီဗာပူးအသင်းဟာလည်း တဂိုးစီသရေသာ ကစားနိုင်ခဲ့ပြီး နှစ်ပွဲကစားအပြီးမှာ နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။

ပြိုင်ဘက်ခံစစ်မှူးရဲ့ တမင်ဆွကစားခဲ့တာကို သင်ခန်းစာယူဖို့လိုအပ်ကြောင်း လီဗာပူး ပရိသတ်တွေကလည်း တိုက်တွန်းခဲ့ကြတာပါ။

နူနက်ဇ်ကလည်း ပရိသတ်တွေရဲ့ တိုက်တွန်းချက်ကို လက်ခံပြီး အမှားတွေကို သင်ခန်းစာယူကာ နောက်ထပ်အဖြစ်ခံမှာ မဟုတ်တော့ကြောင်း၊ ပရိသတ်တွေကို တောင်းပန်ကြောင်းနဲ့ မကြာခင်မှာ ပြန်လာမှာဖြစ်ကြောင်း ဒါဝင်နူနက်ဇ်က ပြောပါတယ်။

7 mins Ago

July 22, 2022

လိုက်ဇစ်နှင့် ခြေစမ်းပွဲတွင် လီဗာပူးတိုက်စစ်မှူးသစ် နူနက်ဇ် ၄ ဂိုးသွင်းယူ

လိုက်ဇစ်အသင်းနဲ့ ခြေစမ်းပွဲမှာ လီဗာပူးတိုက်စစ်မှူးသစ် နူနက်ဇ်က တစ်ဦးတည်း ၄ ဂိုးသွင်းယူနိုင် ခဲ့ပါတယ်။

ပြီးခဲ့တဲ့ခြေစမ်းပွဲ ၂ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့လို့ ဝေဖန်မှုခံခဲ့ရတဲ့ နူနက်ဇ်ဟာ လိုက်ဇစ်နဲ့ပွဲမှာ ဒုတိယပိုင်းမှ လူစားလဲဝင်ရောက်ခဲ့တာဖြစ်ပေမဲ့ တစ်ဦးတည်း ၄ ဂိုးအထိသွင်းယူနိုင်ခဲ့တာပါ။

အဲဒီပွဲစဉ်မှာ လီဗာပူးက ၅ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး နူနက်ဇ်က ၄ဂိုး၊ ဆာလာက ၁ ဂိုးသွင်းယူခဲ့တာ ပါ။

အသက် ၂၃ နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့လပိုင်းကမှ ပေါ်တူဂီကလပ် ဘင်ဖီကာကနေ ပေါင် ၈၅ သန်းလောက်နဲ့ လီဗာပူးအသင်းဆီပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဇူလိုင် ၃ဝ ရက်မှာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းကစားရဖို့ရှိပြီး ပရီးမီးယားလိဂ်မစခင်မှာ ပြင်သစ်ကလပ် စထရတ်ဘော့နဲ့လည်း ခြေစမ်းပွဲကစားဖို့စီစဉ်ထားပါတယ်။ 

4 weeks Ago
Up