close

ပါးနပ်မှုမရှိဘဲ ထုတ်ပယ်ခံခဲ့ရသည့်အပေါ် လီဗာပူးပရိသတ်ကို နူနက်ဇ် တောင်းပန်

ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာ ပါးနပ်မှုမရှိဘဲ အနီကတ်ပြခံရပြီး ထုတ်ပယ်ခံခဲ့ရတဲ့အပေါ် လီဗာပူးပရိသတ်တွေကို တိုက်စစ်မှူး ဒါဝင်နူနက်ဇ်က တောင်းပန်သွားပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ ပဲလေ့စ်နောက်ခံလူ အန်ဒါဆန်နဲ့ တွန်းထိုးရင်းကနေ စိတ်မထိန်းနိုင်ဘဲ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့လို့ အနီကတ်ပြသခံခဲ့ရတာပါ။

အဲဒီပွဲမှာ လီဗာပူးအသင်းဟာလည်း တဂိုးစီသရေသာ ကစားနိုင်ခဲ့ပြီး နှစ်ပွဲကစားအပြီးမှာ နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။

ပြိုင်ဘက်ခံစစ်မှူးရဲ့ တမင်ဆွကစားခဲ့တာကို သင်ခန်းစာယူဖို့လိုအပ်ကြောင်း လီဗာပူး ပရိသတ်တွေကလည်း တိုက်တွန်းခဲ့ကြတာပါ။

နူနက်ဇ်ကလည်း ပရိသတ်တွေရဲ့ တိုက်တွန်းချက်ကို လက်ခံပြီး အမှားတွေကို သင်ခန်းစာယူကာ နောက်ထပ်အဖြစ်ခံမှာ မဟုတ်တော့ကြောင်း၊ ပရိသတ်တွေကို တောင်းပန်ကြောင်းနဲ့ မကြာခင်မှာ ပြန်လာမှာဖြစ်ကြောင်း ဒါဝင်နူနက်ဇ်က ပြောပါတယ်။

//
Up