close

နောက်ခံလူဟောင်း

close

May 15, 2022

အာဆင်နယ်အသင်း ၂ နှစ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ဟု နောက်ခံလူဟောင်း သုံးသပ်

အာဆင်နယ်အသင်းဟာ လာမယ့် ၂ နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်နိုင်ကြောင်း နောက်ခံလူဟောင်း ဆက်ဂ်နာက ပြောပါတယ်။ 

အာဆင်နယ်နောက်ခံလူဟောင်းဟာ အာဆင်နယ်မှာ ၇ နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး အသင်းဟောင်းအပေါ် စိုးရိမ်မှုတွေရှိခဲ့ပေမယ့် အဲဒါတွေမှားယွင်းကြောင်း သက်သေပြခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ 

“ဒီရာသီမှာ အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် စိုးရိမ်မှုတွေရှိခဲ့ပေမယ့် သူတို့က ကျနော်မှားယွင်းကြောင်း သက်သေပြခဲ့တယ်။ သူတို့ဟာ တိုးတက်နေတဲ့ လမ်းကြောင်းပေါ် ရောက်ရှိနေပြီး ပရိသတ်တွေအနေနဲ့ သစ္စာရှိရှိနဲ့ လိုက်ပါယုံကြည်မှုပေးသင့်တယ်။ လာမယ့်ရာသီကတော့ထားပါ။ ဆန္ဒရှိမယ်ဆိုရင် သူတို့အနေနဲ့ လာမယ့် ၂ နှစ်လောက်အတွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ပါတယ်” လို့ ဆက်ဂ်နာက ပြောပါတယ်။ 

ပြင်သစ်နောက်ခံလူ ဆက်ဂ်နာဟာ အသင်းဖော်ဟောင်းဖြစ်သူ နည်းပြ မီခေးလ်အာတီတာကိုလည်း ချီးကျူးခဲ့ပြီး ကစားသမားဘဝကတည်းက နည်းပြကောင်းတဦး ဖြစ်လာနိုင်သူဆိုတာ သိရှိခဲ့ကြောင်း ပြောပါတယ်။ 

အာဆင်နယ်အသင်းဟာ လက်ရှိဘောလုံးရာသီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် ရုန်းကန်နေရပြီး လက်ကျန် ၂ ပွဲလုံး အနိုင်ရမှသာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာသွားမှာဖြစ်ပါတယ်။ 

13 mins Ago

April 18, 2020

အင်္ဂလန်နှင့် လိဒ်နောက်ခံလူဟောင်း နော်မန်ဟမ့် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် ကွယ်လွန်

လိဒ်ယူနိုက်တက် ဂန္ထဝင်ကစားသမားကြီး နော်မန်ဟမ့်တာဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ အသက် ၇၆ နှစ်ရှိ အင်္ဂလန်နဲ့ လိဒ်ယူနိုက်တက် နောက်ခံလူဟောင်း ဟမ့်တာဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီးနောက် ဧပြီ ၁၇ ရက်နေ့က ဆေးရုံမှာ ကွယ်လွန်ခဲ့တာပါ။  ဟမ့်တာဟာ လိဒ်ယူနိုက်တက်အသင်းနဲ့အတူ ပထမတန်းချန်ပီယံ ၂ ကြိမ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၁၉၇၅ ဥရောပဖလား ဗိုလ်လုပွဲလည်း ကစားခဲ့ဖူးပါတယ်။  အင်္ဂလန် လက်ရွေးစင်အသင်းနဲ့အတူ ၁၉၆၆ ကမ္ဘာ့ဖလား ချန်ပီယံအသင်းမှာလည်း ပါဝင်ခဲ့ပါတယ်။  PFA တနှစ်တာအ ကောင်းဆုံးကစားသမားဆုကို ၁၉၇၄ ခုနှစ်မှာ ပထမဆုံးအကြိမ် ရရှိခဲ့သူဖြစ်ပြီး လိဒ်ယူနိုက်တက်အတွက် ပွဲပေါင်း ၇၀၀ ကျော် ပါဝင် ကစားပေးခဲ့ပါတယ်။  ဟမ့်တာဟာ ရွန်ဟားရစ်၊ တွမ်မီစမစ် စတဲ့ နောက်ခံကစားသမားတွေနဲ့အတူ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ဘောလုံးဖျက်ထုတ်မှုတွေမှာ ကောင်းမွန်တာကြောင့် နာမည်ကြီးခဲ့တယ်လို့ သိရပါတယ်။
2 years Ago
Up