close

နော်တင်ဟမ်

close

December 29, 2022

ကစားသမားအသစ် အများကြီးခေါ်ယူတာ ရှက်စရာမဟုတ်ဟု နော်တင်ဟမ်နည်းပြပြော

ကစားသမားသစ်တွေအမျာကြီးခေါ်ယူတာက ရှက်စရာကိစ္စ မဟုတ်ဘဲ ကစားသမားသစ် တွေထပ်ခေါ်ဖို့ရှိကြောင်း နည်းပြစတိကော့ပါးက ပြောပါတယ်။

ချန်ပီယံရှစ်ကနေတန်းတက်လာတဲ့ နော်တမ်ဟမ်ဖောရက်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက ကစားသမားသစ် ၂၃ ဦးအထိ ခေါ်ယူခဲ့ပြီး စုစုပေါင်းပေါင်သန်း ၁၆၀ လောက်အသုံးပြုခဲ့တာပါ။

ဒါပေမဲ့လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာလည်း ကစားသမားသစ်တွေထပ်ခေါ်ဖို့ ရှာဖွေနေဆဲဖြစ်ပြီး ဒီလိုအခြေအနေဟာ ရှက်စရာ ကိစ္စမဟုတ်ကြောင်း နည်းပြ စတိကော့ပါးကပြောပါတယ်။

နော်တင်ဟမ်ဖောရက်စ်ဟာ ပွဲစဉ် ၁၆ ပွဲ အပြီးမှာ အမှတ်ပေးဇယားအဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။

4 mins Ago

January 10, 2022

အင်္ဂလန်အသင်းကို ရှုံးနိမ့်စေခဲ့သူဟု ဆာကာကို နော်တင်ဟမ်ပရိသတ်များ လှောင်ပြောင်

အာဆင်နယ်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဆာကာကို နော်တင်ဟမ်ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။ 

အာဆင်နယ်လူငယ်ကစားသမား ဆာကာဟာ ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲဗိုလ်လုပွဲမှာ အင်္ဂလန်အတွက် အဆုံးအဖြတ်ပင်နယ်တီလွဲချော်ခဲ့ပြီး ဒုတိယဆုနဲ့သာကျေနပ်ခဲ့ရပါတယ်။ 

အာဆင်နယ်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာတော့ နော်တင်ဟမ်ပရိသတ်တွေက အင်္ဂလန်အသင်းကို ရှုံးနိမ့်စေခဲ့သူလို့ သီချင်းသီဆိုပြီး ဆာကာကို လှောင်ပြောင်ခဲ့ကြပါတယ်။ 

နော်တင်ဟမ်ပရိသတ်တချို့ရဲ့ လှောင်ပြောင်မှုကို တခြားပရိသတ်တချို့ကတော့ ဆိုရှယ်မီဒီယာကနေဝေဖန်ခဲ့ပြီး ရှက်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရေးသားခဲ့ကြပါတယ်။ 

ဆာကာကို  ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ပွဲစဉ်မှာလည်း လိဒ်ယူနိုက်တက်ပရိသတ်ချို့က အလားတူလှောင်ပြောင်ခဲ့ဖူးပါတယ်။ 

ဒါပေမဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်နဲ့ စပါးအသင်းနဲ့ပွဲစဉ်တွေမှာတော့ ပြိုင်ဘက် ၂ သင်းစလုံးက ဆာကာကို အားပေးမှုတွေပြုလုပ်ပေးခဲ့ပါတယ်။ 

အာဆင်နယ်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး အက်ဖ်အေဖလားကနေ ထွက်ခဲ့ရပါတယ်။

12 months Ago
Up