ကစားသမားအသစ် အများကြီးခေါ်ယူတာ ရှက်စရာမဟုတ်ဟု နော်တင်ဟမ်နည်းပြပြော

3
ကစားသမားသစ်တွေအမျာကြီးခေါ်ယူတာက ရှက်စရာကိစ္စ မဟုတ်ဘဲ ကစားသမားသစ် တွေထပ်ခေါ်ဖို့ရှိကြောင်း နည်းပြစတိကော့ပါးက ပြောပါတယ်။
ချန်ပီယံရှစ်ကနေတန်းတက်လာတဲ့ နော်တမ်ဟမ်ဖောရက်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက ကစားသမားသစ် ၂၃ ဦးအထိ ခေါ်ယူခဲ့ပြီး စုစုပေါင်းပေါင်သန်း ၁၆၀ လောက်အသုံးပြုခဲ့တာပါ။
ဒါပေမဲ့လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာလည်း ကစားသမားသစ်တွေထပ်ခေါ်ဖို့ ရှာဖွေနေဆဲဖြစ်ပြီး ဒီလိုအခြေအနေဟာ ရှက်စရာ ကိစ္စမဟုတ်ကြောင်း နည်းပြ စတိကော့ပါးကပြောပါတယ်။
နော်တင်ဟမ်ဖောရက်စ်ဟာ ပွဲစဉ် ၁၆ ပွဲ အပြီးမှာ အမှတ်ပေးဇယားအဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။