close

နံပါတ်တစ် ဂိုးသမား

close

April 26, 2022

နံပါတ်တစ်ဂိုးသမားဖြစ်ချင်လျှင် စိတ်ခံစားမှုထိန်းရန်လိုဟု ရမ်စ်ဒေးကို မာဖီ တိုက်တွန်း

အာဆင်နယ်ဂိုးသမား အာရွန်ရမ်စ်ဒေးအနေနဲ့ အင်္ဂလန်ရဲ့ နံပါတ်တစ်ဂိုးသမား ဖြစ်ချင်တယ်ဆိုရင် စိတ်ခံစားချက်ကို ထိန်းနိုင်ဖို့လိုကြောင်း အင်္ဂလန်ကွင်းလယ်လူဟောင်း ဒမ်နီမာဖီက တိုက်တွန်းသွားပါတယ်။ 

ရမ်စ်ဒေးဟာ မန်ယူအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဖာနန်ဒက်စ်ပင်နယ်တီ လွဲသွားချိန်မှာ အကြီးအကျယ်အောင်ပွဲခံခဲ့ပြီး မလုပ်သင့်တဲ့ကိစ္စ ဖြစ်တယ်လို့ ဒမ်နီမာဖီကပြောပါတယ်။ 

ရမ်စ်ဒေးအနေနဲ့ ပင်နယ်တီကာကွယ်နိုင်တာလဲ မဟုတ်တာကြောင့် မလိုလားအပ်တဲ့ အပြုအမူဖြစ်ပြီး  အင်္ဂလန်နံပါတစ်ဂိုးသမားဖြစ်ချင်ရင် စိတ်ခံစားချက်ထိန်းနိုင်ဖို့လိုတယ်လို့ မာဖီက တိုက်တွန်းသွားတာပါ။ 

“စိတ်ခံစားချက် များလွန်းနေရင် ကိုယ့်ရဲ့ခြေစွမ်းကို ထိခိုက်နိုင်တယ် လို့ ကျနော် အမြဲတမ်းယုံကြည်တယ်။ တချိန်က မာတင်ကီယွန်က နစ္စတယ်ရွိုင်းရဲ့မျက်နှာကို ရိုက်ချတာမျိုး၊ ရမ်စ်ဒေးက ခုန်ပြီးအောင်ပွဲခံတာမျိုးတွေက ရုပ်ပေါက်ပါတယ်။ ဒါက ပရိသတ်တွေရဲ့ လက်ခုပ်သံတော့ ရလိမ့်မယ်။ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ဖို့ အကောင်းဆုံးဥပမာက ဂျော်ဒန်ပစ်ဖို့ဒ်ပဲ။ ဒါကြောင့်လည်း အင်္ဂလန်နံပါတ်တစ်ဂိုးသမားအဖြစ် သူ ဆက်ရှိနေတာ” လို့ ဒမ်နီမာဖီက ပြောပါတယ်။ 

ရမ်စ်ဒေးအနေနဲ့ ပင်နယ်တီကို ကိုယ်တိုင်ကာကွယ်နိုင်ခဲ့မယ်ဆိုရင်တော့ သူ့ရဲ့စိတ်ဓာတ်ပြင်းပြမှုအပေါ်  နားလည်းပေးနိုင်ကြောင်း  လီဗာပူး၊ စပါးနဲ့ ဖူဟမ် ကစားသမားဟောင်း မာဖီက ပြောသွားပါတယ်။

3 mins Ago

April 15, 2020

ဂိုးသမား ဟန်ဒါဆန်  မန်ယူ၏ နံပါတ်တစ် ဂိုးသမားဖြစ်ရန် ဆန္ဒရှိနေ 

ဂိုးသမား ဒီးဟန်ဒါဆန်ဟာ မန်ချက်စတာယူနိုက်တက် နံပါတ်တစ် ဂိုးသမားဖြစ်ဖို့ မျှော်မှန်းနေတယ်လို့ ရှက်ဖီးနည်းပြ  ခရစ်စ်ဝဲလ်ဒါက ပြောပါတယ်။  အသက် ၂၃ နှစ်ရှိ ဂိုးသမား ဒီးဟန်ဒါဆန်ဟာ မန်ယူအသင်းကနေ ရှက်ဖီးယူနိုက်တက် အသင်းဆီကို တရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတာပါ။ ရှက်ဖီးယူနိုက်တက်မှာ အကောင်းဆုံးလက်စွမ်းပြနေပြီး  ၁၀ ပွဲအထိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ အခုနှစ်ရာသီအကုန်မှာ အငှားစာချုပ်ပြည့်မှာဖြစ်လို့ ယူနိုက်တက်အသင်းဆီ ပြန်သွားရမှာပါ။ ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ်ဝဲလ်ဒါကတော့ ဟန်ဒါဆန်ဟာ မန်ယူအသင်းဆီ ပြန်ရောက်ရင် နံပါတ်တစ် နေရာကို ရယူလိုနေပြီး အင်္ဂလန် လက်ရွေးစင်အသင်းမှာလည်း ပွဲထွက်ကစားဖို့ မျှော်လင့်ထားသူ ဖြစ်တယ်လို့ ပြောပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ဟန်ဒါဆန်ကို လက်ရွေးစင်အသင်းမှာ ရွေးချယ်ခဲ့ဖူးပါတယ်။ ယူနိုက်တက်မှာတော့ နံပါတ်တစ်ဂိုးသမား ဒီဂီယာ ရှိနေတဲ့အတွက် ဒီးဟန်ဒါဆန်အနေနဲ့ ပွဲထွက်ခွင့်ရဖို့အတွက်တော့ ရုန်းကန်ရဖို့ ရှိနေပါတယ်။
2 years Ago
Up