နံပါတ်တစ်ဂိုးသမားဖြစ်ချင်လျှင် စိတ်ခံစားမှုထိန်းရန်လိုဟု ရမ်စ်ဒေးကို မာဖီ တိုက်တွန်း

အာဆင်နယ်ဂိုးသမား အာရွန်ရမ်စ်ဒေးအနေနဲ့ အင်္ဂလန်ရဲ့ နံပါတ်တစ်ဂိုးသမား ဖြစ်ချင်တယ်ဆိုရင် စိတ်ခံစားချက်ကို ထိန်းနိုင်ဖို့လိုကြောင်း အင်္ဂလန်ကွင်းလယ်လူဟောင်း ဒမ်နီမာဖီက တိုက်တွန်းသွားပါတယ်။
ရမ်စ်ဒေးဟာ မန်ယူအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဖာနန်ဒက်စ်ပင်နယ်တီ လွဲသွားချိန်မှာ အကြီးအကျယ်အောင်ပွဲခံခဲ့ပြီး မလုပ်သင့်တဲ့ကိစ္စ ဖြစ်တယ်လို့ ဒမ်နီမာဖီကပြောပါတယ်။
ရမ်စ်ဒေးအနေနဲ့ ပင်နယ်တီကာကွယ်နိုင်တာလဲ မဟုတ်တာကြောင့် မလိုလားအပ်တဲ့ အပြုအမူဖြစ်ပြီး အင်္ဂလန်နံပါတစ်ဂိုးသမားဖြစ်ချင်ရင် စိတ်ခံစားချက်ထိန်းနိုင်ဖို့လိုတယ်လို့ မာဖီက တိုက်တွန်းသွားတာပါ။
“စိတ်ခံစားချက် များလွန်းနေရင် ကိုယ့်ရဲ့ခြေစွမ်းကို ထိခိုက်နိုင်တယ် လို့ ကျနော် အမြဲတမ်းယုံကြည်တယ်။ တချိန်က မာတင်ကီယွန်က နစ္စတယ်ရွိုင်းရဲ့မျက်နှာကို ရိုက်ချတာမျိုး၊ ရမ်စ်ဒေးက ခုန်ပြီးအောင်ပွဲခံတာမျိုးတွေက ရုပ်ပေါက်ပါတယ်။ ဒါက ပရိသတ်တွေရဲ့ လက်ခုပ်သံတော့ ရလိမ့်မယ်။ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ဖို့ အကောင်းဆုံးဥပမာက ဂျော်ဒန်ပစ်ဖို့ဒ်ပဲ။ ဒါကြောင့်လည်း အင်္ဂလန်နံပါတ်တစ်ဂိုးသမားအဖြစ် သူ ဆက်ရှိနေတာ” လို့ ဒမ်နီမာဖီက ပြောပါတယ်။
ရမ်စ်ဒေးအနေနဲ့ ပင်နယ်တီကို ကိုယ်တိုင်ကာကွယ်နိုင်ခဲ့မယ်ဆိုရင်တော့ သူ့ရဲ့စိတ်ဓာတ်ပြင်းပြမှုအပေါ် နားလည်းပေးနိုင်ကြောင်း လီဗာပူး၊ စပါးနဲ့ ဖူဟမ် ကစားသမားဟောင်း မာဖီက ပြောသွားပါတယ်။