close

နျူကလီးယားသဘောတူညီချက်

close

December 21, 2021

ဆော်ဒီ-အီရန် ဆွေးနွေးပွဲ ဆော်ဒီအစိုးရ၏ အလေးအနက်ထားမှုအပေါ် မူတည်

နှစ်ဘက်တင်းမာမှု ဖြေလျှော့ရေး ရည်မှန်းထားတဲ့ ဆော်ဒီ-အီရန် ဆွေးနွေးပွဲဟာ ဆော်ဒီအစိုးရရဲ့ အလေးအနက်ထားမှုအပေါ် မူတည်တယ်လို့ အီရန်အစိုးရက ဒီဇင်ဘာ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။

အီရန်နဲ့ နျူကလီးယား သဘောတူညီချက်တရပ်ကို ပြန်အဖတ်ဆယ်ဖို့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက ကြိုးစားနေချိန်မှာ ဒီနှစ်အတွင်း ဆော်ဒီနဲ့ အီရန်တို့ဟာ တိုက်ရိုက် ဆွေးနွေးပွဲကို စတင်ခဲ့တာပါ။

ဆော်ဒီအစိုးရကို သူများနိုင်ငံတွင်းက အရေးကိစ္စတွေ ဝင်စွက်ဖက်တာ ရှောင်ဖို့နဲ့ နိုင်ငံရေး သံတမန်ရေး နည်းလမ်းကို သုံးဖို့ ကျနော်တို့က ဆော်ဩတယ်လို့ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဆာအိခါတစ်ဇာဒါက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဆော်ဒီအာရေဗျ နိုင်ငံဟာ အီရန်နဲ့ ၂၀၁၆ မှာ အဆက်အဆံ ဖြတ်တောက်ခဲ့တာပါ။

9 mins Ago

January 16, 2020

နျူကလီးယား သဘောတူညီချက် အသက်ဝင်နေဆဲဟု အီရန်ပြော

အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟမ်မဒ်ဂျာဗဒ်ဇာရိဖှ်က နျူကလီးယားသဘောတူညီချက်တွေ အသက်ဝင်နေဆဲပဲလို့  ဇန်နဝါရီ ၁၅ရက်မှာ ကာကွယ် ပြောဆိုလိုက်ပါတယ်။ ၂၀၁၅ အီရန်နျူကလီးယား သဘောတူညီချက်ပါ အချက်တွေကို အီရန်က ချိုးဖောက်လိုက်ပြီလို့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေက ဇန်နဝါရီ ၁၄ ရက်မှာ တရားဝင် စွပ်စွဲလိုက်လို့ ခုလို တုံ့ပြန်လိုက်တာပါ။ အီရန်ဟာသဘောတူညီချက်ထဲမှာပါတဲ့ ယူရေနီယံ ကြွယ်ဝရေး အစီအစဉ်အပေါ် ကန့်သတ်ချက် အားလုံးကို စွန့်လွှတ်မယ်လို့ ဇန်နဝါရီ ၅ရက်က ပြောခဲ့ပါသေးတယ်။  ဒါ့အပြင် နျူကလီးယား လက်နက်တွေ ပိုင်ဖို့ ဘယ်လို ရည်ရွယ်ချက်မှ မရှိဘူးလို့ အီရန်က ငြင်းဆိုလိုက်ပြီး တကယ်လို့ အမေရိကန်က ဒဏ်ခတ်မှုတွေကို ပယ်ဖျက်ပေးမယ်ဆိုရင် သဘော တူညီချက်ချိုးဖောက်တာတွေကို နောက်ဆုတ်မယ်လို့လည်း အီရန်က ပြောပါတယ်။  
2 years Ago
Up