ဆော်ဒီ-အီရန် ဆွေးနွေးပွဲ ဆော်ဒီအစိုးရ၏ အလေးအနက်ထားမှုအပေါ် မူတည်

နှစ်ဘက်တင်းမာမှု ဖြေလျှော့ရေး ရည်မှန်းထားတဲ့ ဆော်ဒီ-အီရန် ဆွေးနွေးပွဲဟာ ဆော်ဒီအစိုးရရဲ့ အလေးအနက်ထားမှုအပေါ် မူတည်တယ်လို့ အီရန်အစိုးရက ဒီဇင်ဘာ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။
အီရန်နဲ့ နျူကလီးယား သဘောတူညီချက်တရပ်ကို ပြန်အဖတ်ဆယ်ဖို့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက ကြိုးစားနေချိန်မှာ ဒီနှစ်အတွင်း ဆော်ဒီနဲ့ အီရန်တို့ဟာ တိုက်ရိုက် ဆွေးနွေးပွဲကို စတင်ခဲ့တာပါ။
ဆော်ဒီအစိုးရကို သူများနိုင်ငံတွင်းက အရေးကိစ္စတွေ ဝင်စွက်ဖက်တာ ရှောင်ဖို့နဲ့ နိုင်ငံရေး သံတမန်ရေး နည်းလမ်းကို သုံးဖို့ ကျနော်တို့က ဆော်ဩတယ်လို့ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဆာအိခါတစ်ဇာဒါက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဆော်ဒီအာရေဗျ နိုင်ငံဟာ အီရန်နဲ့ ၂၀၁၆ မှာ အဆက်အဆံ ဖြတ်တောက်ခဲ့တာပါ။