ကနေဒါနိုင်ငံဟာ မြောက်ကိုးရီးယားနိုင်ငံရဲ့ နျူးကလီးယားဆိုင်ရာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အသိပေးပြောဆိုခဲ့တယ်လို့ ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖူမီယိုကိရှီဒါက ဇန်နဝါရီ ၁၂ ရက်မှာ ပြောပါတယ်။
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်ဝန်ကြီးချုပ်လည်း ပါဝင်ခဲ့ပြီး ကနေဒါနိုင်ငံဟာ အင်ဒို-ပစိဖိတ်ဒေသမှာ ပစိဖိတ်နိုင်ငံတခုအဖြစ် ဆက်ဆံရေး ပိုမိုတိုးမြှင့်လာတာကို ကီရှီဒါက အသိအမှတ်ပြုခဲ့ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း မြောက်ကိုးရီးယားဟာ သူ့ရဲ့ နျူးကလီးယား လက်နက်အစီအစဉ်ကို စွန့်လွှတ်ဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေကို ပြန်လုပ်ဖို့ တာဝန်ရှိတယ်လို့ ဇန်နဝါရီ ၁၂ရက်က ပြောပါတယ်။။
ဒါဟာ အမေရိကန်အနေနဲ့ လိုက်လျောညီထွေရှိမှုကို ပြသဖို့ လိုအပ်တယ်ဆိုတဲ့ တရုတ်ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။
မြောက်ကိုးရီးယားဟာ သူ့ရဲ့ နျူးကလီယားလက်နက်နဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေကြောင့် ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုကို ၂၀၀၆ ခုနှစ်ကတည်းက ရင်ဆိုင်ခဲ့ရတာပါ။
မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ တရုတ်၊ အမေရိကန်၊ ရုရှားနဲ့ ဂျပန်တို့ အကြားက ၆ နိုင်ငံ နျူကလီးယား ကင်းစင်ရေး ဆွေးနွေးပွဲတွေကိုလည်း ၂၀၀၉ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပါတယ်။
မြောက်ကိုးရီယားနိုင်ငံရဲ့ နျူးကလီးယားခြိမ်းခြောက်မှုတွေကို ပိုမိုကောင်းမွန်အောင် တန်ပြန်နိုင်ဖို့ မဟာမိတ်နိုင်ငံတွေက လုပ်ဆောင်နေကြချိန်မှာ အမေရိကန်ရဲ့ ထပ်တိုးတားဆီးရေး ကြိုးပမ်းချက်တွေအပါအဝင် တောင်ကိုးရီယားနဲ့ အမေရိကန်အကြား လေ့ကျင့်ရေး အစီအစဉ်တွေ ပူးပေါင်းပြုလုပ်သွားဖို့ ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ သူ့ရဲ့ အချုပ်အခြာအာဏာအတွက် အဓိကအာမခံချက်ဖြစ်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ၊ ရေငုပ်သင်္ဘောတွေ၊ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေနဲ့ နျူးကလီးယားသုံး ပဲ့ထိန်းဒုံးပျံသုံးစင်းကို ဆက်တည်ဆောက်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး ဆာဂီလ် ရွှိုင်ဂူက ဇန်နဝါရီ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
“နျူးကလီးယား အရံအတားဟာ ကျွန်ုပ်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက် ဂုဏ်သိက္ခာရဲ့ အဓိကအာမခံချက်အဖြစ် ဆက်ရှိနေလို့ ကျွန်ုပ်တို့ဟာ နျူးကလီးယားဒေါက်တိုင် ၃ ရပ်ကို တိုးတက်အောင် တီထွင်ထုတ်လုပ်ပြီး တိုက်ပွဲဝင်ဖို့ အဆင်သင့်အနေအထားကို ဆက်ထိန်းထားမယ်” လို့ ရွှိုင်ဂူက ပြောပါတယ်။
“ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ လုပ်ငန်းလည်ပတ်နေတဲ့ ဒေသတွေမှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေရဲ့ လုပ်ငန်းခွင် နယ်ပယ်တွေမှာရော၊ မောင်းသူမဲ့ လေယာဉ်တွေရဲ့ နယ်ပယ်တွေကိုပါ မြှင့်တင်ပေးသွားမယ်” လို့လည်း ရွှိုင်ဂူက ပြောခဲ့ပါတယ်။