နျူးကလီးယားသုံး ပဲ့ထိန်းဒုံးပျံ ၃ စင်း ရုရှားတည်ဆောက်မည်

ရုရှားနိုင်ငံဟာ သူ့ရဲ့ အချုပ်အခြာအာဏာအတွက် အဓိကအာမခံချက်ဖြစ်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ၊ ရေငုပ်သင်္ဘောတွေ၊ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေနဲ့ နျူးကလီးယားသုံး ပဲ့ထိန်းဒုံးပျံသုံးစင်းကို ဆက်တည်ဆောက်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး ဆာဂီလ် ရွှိုင်ဂူက ဇန်နဝါရီ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
“နျူးကလီးယား အရံအတားဟာ ကျွန်ုပ်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက် ဂုဏ်သိက္ခာရဲ့ အဓိကအာမခံချက်အဖြစ် ဆက်ရှိနေလို့ ကျွန်ုပ်တို့ဟာ နျူးကလီးယားဒေါက်တိုင် ၃ ရပ်ကို တိုးတက်အောင် တီထွင်ထုတ်လုပ်ပြီး တိုက်ပွဲဝင်ဖို့ အဆင်သင့်အနေအထားကို ဆက်ထိန်းထားမယ်” လို့ ရွှိုင်ဂူက ပြောပါတယ်။
“ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ လုပ်ငန်းလည်ပတ်နေတဲ့ ဒေသတွေမှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေရဲ့ လုပ်ငန်းခွင် နယ်ပယ်တွေမှာရော၊ မောင်းသူမဲ့ လေယာဉ်တွေရဲ့ နယ်ပယ်တွေကိုပါ မြှင့်တင်ပေးသွားမယ်” လို့လည်း ရွှိုင်ဂူက ပြောခဲ့ပါတယ်။