အခုနှစ် နွေရာသီအပြောင်းအရွှေ့ဈေးကွက်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ငွေကြေးအများဆုံး အပြောင်းအရွှေ့ကာလတစ်ခုအဖြစ် စံချိန်တင်သွားပါတယ်။
ကစားသမားတွေခေါ်ယူမှုအတွက် ကလပ်အသင်းတွေ အားလုံးရဲ့ စုစုပေါင်း အသုံးစရိတ်ဟာ စတာလင်ပေါင် ၁ ဒသမ ၉ ဘီလီယံ အထိရှိခဲ့တာပါ။
ဒါဟာ ၂၀၁၇ ခုနှစ်က ပေါင် ၁ ဒသမ ၄ ဘီလီယံနဲ့ စံချိန်တင်ထားတဲ့ မှတ်တမ်းကို ချိုးဖျက်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ နွေရာသီအပြောင်းအရွှေ့ကာလအသုံးစရိတ်ဟာ စပိန်လာလီဂါ၊ အီတလီစီးရီးအေနဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါ သုံးလိဂ်ပေါင်း အပြောင်းအရွှေ့အသုံးစရိတ်ပမာဏထက် လည်းပိုများခဲ့တာပါ။
ချဲလ်ဆီးအသင်းက ယူရိုသန်း ၂၃၀ နီးပါးအသုံးပြုခဲ့လို့ နွေရာသီ အပြောင်းအရွှေ့မှာ ငွေအများဆုံး အသုံးပြုခဲ့တဲ့အသင်းပါ။
အဲဒီနောက်မှာ မန်ယူ၊ ဝက်စ်ဟမ်း၊ နော်တင်ဟမ်ဖောရက်၊ နယူးကာဆယ်၊ စပါး၊ အာဆင်နယ် အစရှိတဲ့အသင်းတွေက အစဉ်လိုက်ရပ်တည်ပါတယ်။
ကစားသမားအများဆုံးခေါ်ယူမှုအနေနဲ တန်းတက်အသင်းဖြစ်တဲ့ နော်တမ်ဟမ်ဖောရက်က ယူရို ၁၅၅ သန်းအထိ အသုံးပြုခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်ဟာ မနေ့ညက ပြီးဆုံးသွားခဲ့ပြီး အာဆင်နယ်အသင်းက ငွေအများဆုံး အသုံးပြုခဲ့ပါတယ်။
ဒီနှစ်နွေရာသီမှာ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ပြောင်းရွှေ့ကြေး စုစုပေါင်းဟာ ၁ ဒသမ ၀၂ ဘီလီယံရှိခဲ့ပြီး အာဆင်နယ်အသင်းက ၁၅၆ ဒသမ ၈ သန်းအထိ အများဆုံး အသုံးပြုခဲ့တာပါ။
ဒုတိယနေရာမှာ မန်ယူနိုက်တက်က ပေါင် ၁၃၃ ဒသမ ၇ သန်းနဲ့ ရပ်တည်နေပြီး မန်စီးတီးက ပေါင်သန်း ၁၀၀ နဲ့ တတိယနေရာ ရပ်တည်ခဲ့ပါတယ်။
အဲဒီနောက်မှာ ချဲလ်ဆီး၊ အက်စ်တန်ဗီလာ၊ ဝက်စ်ဟမ်း၊ စပါး၊ လက်စတာ၊ လိဒ်ယူနိုက်တက်၊ လီဗာပူးတို့က အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။
အနည်းဆုံး အသုံးပြုခဲ့တဲ့အသင်းက အဲဗာတန်အသင်း ဖြစ်ပြီး ပေါင် ၁ ဒသမ ၆ သန်းသာ အသုံးပြုခဲ့တာပါ။
ငွေကြေးအများဆုံး အသုံးပြုခဲ့ရတဲ့ ကစားသမားက ဂျက်ဂရေးလစ်ရှ် ဖြစ်ပြီး မန်စီးတီးက ပေါင်သန်း ၁ဝဝ နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဂရေးလစ်ရှ် နောက်မှာ လူကာကူ၊ ဆန်ချို၊ ဘင်ဝှိုက်နဲ့ ရာဖေးဗာရန်းတို့က အစဉ်လိုက် ရပ်တည်ခဲ့ပါတယ်။
ပြောင်းရွှေ့ကြေးအများဆုံး ရရှိတဲ့အသင်းစာရင်းမှာတော့ အက်စ်တွန်ဗီလာက ပေါင်သန်း ၁၀၀၊ ချဲလ်ဆီးက ၉၄ သန်း၊ ဘရိုက်တန်က သန်း ၅၀ နဲ့ အစဉ်လိုက်ရပ်တည်ထားပါတယ်။