close

ယခုနှစ်နွေရာသီအပြောင်းအရွှေ့ ပရီးမီးယားလိဂ်သမိုင်းတွင် ငွေကြေးအသုံးအများဆုံးစံချိန်တင်

အခုနှစ် နွေရာသီအပြောင်းအရွှေ့ဈေးကွက်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ငွေကြေးအများဆုံး  အပြောင်းအရွှေ့ကာလတစ်ခုအဖြစ် စံချိန်တင်သွားပါတယ်။

ကစားသမားတွေခေါ်ယူမှုအတွက် ကလပ်အသင်းတွေ အားလုံးရဲ့ စုစုပေါင်း အသုံးစရိတ်ဟာ စတာလင်ပေါင် ၁ ဒသမ ၉ ဘီလီယံ အထိရှိခဲ့တာပါ။

ဒါဟာ ၂၀၁၇ ခုနှစ်က ပေါင် ၁ ဒသမ ၄ ဘီလီယံနဲ့ စံချိန်တင်ထားတဲ့ မှတ်တမ်းကို ချိုးဖျက်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ နွေရာသီအပြောင်းအရွှေ့ကာလအသုံးစရိတ်ဟာ စပိန်လာလီဂါ၊ အီတလီစီးရီးအေနဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါ သုံးလိဂ်ပေါင်း အပြောင်းအရွှေ့အသုံးစရိတ်ပမာဏထက် လည်းပိုများခဲ့တာပါ။

ချဲလ်ဆီးအသင်းက ယူရိုသန်း ၂၃၀ နီးပါးအသုံးပြုခဲ့လို့ နွေရာသီ အပြောင်းအရွှေ့မှာ ငွေအများဆုံး အသုံးပြုခဲ့တဲ့အသင်းပါ။

အဲဒီနောက်မှာ မန်ယူ၊ ဝက်စ်ဟမ်း၊ နော်တင်ဟမ်ဖောရက်၊ နယူးကာဆယ်၊ စပါး၊ အာဆင်နယ် အစရှိတဲ့အသင်းတွေက အစဉ်လိုက်ရပ်တည်ပါတယ်။

ကစားသမားအများဆုံးခေါ်ယူမှုအနေနဲ တန်းတက်အသင်းဖြစ်တဲ့ နော်တမ်ဟမ်ဖောရက်က  ယူရို ၁၅၅ သန်းအထိ အသုံးပြုခဲ့တာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up