close

ပခုက္ကူစက်မှုဇုန်

close

April 26, 2022

ပခုက္ကူစက်မှုဇုန်တွင် ကင်းလှည့်နေသည့် ရဲကား ၁ စီး မိုင်းခွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့သစ်စက်မှုဇုန်ကနေ ကင်းလှည့်လာတဲ့  စစ်ကောင်စီရဲ့ ရဲကား  တစီး  ဧပြီ ၂၆ရက် ညနေ ၄ နာရီခွဲလောက်က စက်မှုဇုန်ဆည်ဘောင်လမ်း တနေရာအရောက်  မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။ 

ရဲအင်အား ၉ ယောက်စီးနင်းလာတဲ့ ရဲကားကို  Southern YSO PDF၊ Pakokku Northen PDF နဲ့ King Cobra အဖွဲ့က မိုင်း ၆ လုံး ဖောက်ခွဲခဲ့ပြီး ရှော့ပြောင်း ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တာလို့ Southern YSO PDF အဖွဲ့က ပြောပါတယ်။ 

PDF ရဲဘော်တစ်ဦးက "ကားနောက်မှာပါတဲ့ ရဲတွေ ထိခိုက်တာ။ ရှေ့ခန်းထဲက နှစ်ယောက်ပဲ ပြန်ပစ်နိုင်တာ။ ထိပ်တိုက်တွေ့ပြီး အပြန်အလှန်ပစ်ခတ်မှု ရှိတယ်။ ဟိုဘက်ကလည်း ပြန်ပစ်တယ်။ ကျနော်တို့ ဘက်က ရဲဘော်နှစ်ဦးခွဲတဲ့ မိုင်းစ မှန်ပြီး အနည်းငယ်ဒဏ်ရာရခဲ့တယ်။ မစိုးရိမ်ရတဲ့ ဒဏ်ရာပါ "လို့ ပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ရဲ ၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရှိရပြီး  ၃ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် လက်ပစ်မိုင်း ၃ လုံး ပစ်လိုက်ရာ ရဲကားက မောင်းပြေး သွားခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ်ထဲမှာ အခုရက်ပိုင်း တော်လှန်ရေးတွေအဖွဲ့တွေ  ရက်ဆက်လှုပ်ရှားနေပြီး မြို့နယ်အတွင်းက ကျေးရွာတွေမှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။

39 mins Ago

March 4, 2020

ပခုက္ကူစက်မှုဇုန်တွင် ရေနံချက်စက်ရုံ ၅ ရုံတည်ဆောက်

မကွေးတိုင်းဒေသကြီး ပခုက္ကူစက်မှုဇုန်မှာ ရေနံချက်စက်ရုံ ၅ ခု တည်ဆောက်နေတယ်လို့ မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောပါတယ်။ ရေနံချက်စက်ရုံဆောက်လုပ်ဖို့  လျှောက်ထားတဲ့ ကုမ္ပဏီတွေထဲကနေ ၅ ခုကိုရွေးချယ်ပြီး ဆောက်လုပ်ခွင့်ပြုခဲ့တာလို့လည်း ဝန်ကြီးက ပြောပါတယ်။   "သတင်းစာမှာ ကြော်ငြာခေါ်ပြီး လျှောက်ထားတဲ့ ကုမ္ပဏီ ၁၁ ခုထဲက နည်းပညာ စက်စပ်ပစ္စည်းတွေနဲ့ ကိုက်ညီတဲ့ ကုမ္ပဏီ ၅ ခုကို ပြည်ထောင်စု ရေနံဓာတုနှင့်စွမ်းအင်ဝန်ကြီးဌာနက အတည်ပြုရွေးချယ်ပေးခဲ့တာပါ။ ရွေးချယ်ပေးခဲ့တဲ့ ကုမ္ပဏီတွေကို တိုင်းဒေသကြီးအစိုးရက မြေ နေရာ၊ လျှပ်စစ်ဓာတ်အားနဲ့ လမ်းဖောက်တဲ့ကိစ္စတွေ ကြီးကြပ်ဆောင်ရွက်ပေးနေတာပါ" လက်ရှိအခြေအနေမှာတော့ ကုမ္ပဏီတစ်ခုက ဆက်စပ်ပစ္စည်းတွေ ရောက်ရှိနေပြီး စတင် လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေပြီဖြစ်ကာ ကျန်တဲ့ကုမ္ပဏီတွေလည်း လည်ပတ်နိုင်အောင် ဆောင်ရွက်နေကြပါပြီလို့ ဆိုပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ တရားဝင်ရေနံလက်ယက်တွင်းတိမ် လုပ်ကွက်ပေါင်း ၃၃ ကွက်ရှိပြီး နိုင်ငံတော်နဲ့ တိုင်းဒေသကြီးအတွက် အခွန်ဘဏ္ဍာတွေ အများဆုံးရရှိနေတာလို့လည်း သိရပါတယ်။ သတင်း-မင်းထီး
2 years Ago
Up