close

ပခုက္ကူစက်မှုဇုန်တွင် ကင်းလှည့်နေသည့် ရဲကား ၁ စီး မိုင်းခွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့သစ်စက်မှုဇုန်ကနေ ကင်းလှည့်လာတဲ့  စစ်ကောင်စီရဲ့ ရဲကား  တစီး  ဧပြီ ၂၆ရက် ညနေ ၄ နာရီခွဲလောက်က စက်မှုဇုန်ဆည်ဘောင်လမ်း တနေရာအရောက်  မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။ 

ရဲအင်အား ၉ ယောက်စီးနင်းလာတဲ့ ရဲကားကို  Southern YSO PDF၊ Pakokku Northen PDF နဲ့ King Cobra အဖွဲ့က မိုင်း ၆ လုံး ဖောက်ခွဲခဲ့ပြီး ရှော့ပြောင်း ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တာလို့ Southern YSO PDF အဖွဲ့က ပြောပါတယ်။ 

PDF ရဲဘော်တစ်ဦးက "ကားနောက်မှာပါတဲ့ ရဲတွေ ထိခိုက်တာ။ ရှေ့ခန်းထဲက နှစ်ယောက်ပဲ ပြန်ပစ်နိုင်တာ။ ထိပ်တိုက်တွေ့ပြီး အပြန်အလှန်ပစ်ခတ်မှု ရှိတယ်။ ဟိုဘက်ကလည်း ပြန်ပစ်တယ်။ ကျနော်တို့ ဘက်က ရဲဘော်နှစ်ဦးခွဲတဲ့ မိုင်းစ မှန်ပြီး အနည်းငယ်ဒဏ်ရာရခဲ့တယ်။ မစိုးရိမ်ရတဲ့ ဒဏ်ရာပါ "လို့ ပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ရဲ ၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရှိရပြီး  ၃ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် လက်ပစ်မိုင်း ၃ လုံး ပစ်လိုက်ရာ ရဲကားက မောင်းပြေး သွားခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ်ထဲမှာ အခုရက်ပိုင်း တော်လှန်ရေးတွေအဖွဲ့တွေ  ရက်ဆက်လှုပ်ရှားနေပြီး မြို့နယ်အတွင်းက ကျေးရွာတွေမှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up